Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု” ကြောင့် နေပြည်တော်နှင့်ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာမည်

စော (NSS) - နိုဝင်ဘာ ၂

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု”ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ယနေ့ (နိုဝင်ဘာ ၂ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မူရားစု” (MURASU) သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေကြောင်း သိရသည်။

 အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်ဘက် ရေမိုင် (၆၉၀) မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့မြောက်ဘက် ရေမိုင် (၉၅) မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင် (၁၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ယင်းဆိုင်ကလုန်းမုန်တိုင်း “မူရားစု” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားပြီး ယင်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်၍ မနက်ဖြန် (နိုဝင်ဘာ ၃ ရက်)တွင်  အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နယ်လိုရီမြို့(Nellore)နှင့် နာစာပါမြို့(Narsapur) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။


ယင်း၏အရှိန်ကြောင့် ယနေ့(နိုဝင်ဘာ ၂ ရက်)၊ နေ့လည်မှ (နိုဝင်ဘာ ၃ ရက်)အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။ 


မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်၍ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၂၅) မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉) ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍  ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကညနက အရည်ကျို အပ်ကား စလစ် အစောင်ရေ (၁၅၀ဝ) ကျော် ထုတ်ပေးထား

RECENT POSTS
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ
09 Nov 2026
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရုရှားလွှတ်တင်
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved