Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
EU ဆီ ဗြိတိန် ပြန်လာတော့မှာလား

သန်းထိုက်စိုး  (NSS) - အောက်တိုဘာလ ၂၉ 

Brexit နောက်ပိုင်း အခင်းအကျင်း 

ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ(EU)ထံသို့ပြန်လည်ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိကြောင်းဝန် ကြီးချုပ် အန်ဒီဘာနမ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂမှထွက်ခွာခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပိုမိုဖြစ်စေခဲ့ပြီး ၎င်းအနေဖြင့် နောက်ဆုံးအ ချိန်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်အသင့်ရှိ ကြောင်း အလေးအနက်ပြောဆိုခဲ့သည်။ သို့သော် ဗြိ တိန်နိုင်ငံသည် Brexit   ဆုံးဖြတ်ချက်ကို အမှန်တ ကယ်ပြန်လှည့်ချင်နေပြီလားဆိုသည့်မေးခွန်းက လည်းရှိနေပါသည်။ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ခုတည်းသောဈေးကွက်သို့ ပြန်လည်ဝင်ရောက် ခြင်းနှင့် အဖွဲ့ဝင်အဖြစ်ပြန်လည်ဝင်ရောက်ခြင်း စသည့် ဖြစ်နိုင်ခြေရှိသောရွေးချယ်စရာများ စားပွဲဝိုင်း ပေါ် ပြန်လည်တင်သွင်းလာခဲ့ပြီဖြစ်သည်။ 

ဥရောပ၏တုံ့ပြန်မှုနှင့်(၁၀)နှစ်တာသက်ရောက်မှုများ

ဗြိတိန်နှင့်ပိုမိုနီးကပ်လာရန်ဆန္ဒရှိမှုကို ဥရောပခေါင်းဆောင်များက ကြိုဆိုခဲ့ကြသော်လည်း ဗြိတိသျှအနေဖြင့် EU ၏ မည်သည့်အစိတ်အပိုင်းများ ကို ကြိုက်နှစ်သက်သည်ဆိုသည်ကို စိတ်ကြိုက် ရွေး ချယ်ယူ၍မရနိုင်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြသည်။ ဗြိတိန်သည် (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ သန်းခေါင်ယံအချိန်တွင် ဥရောပသမဂ္ဂမှ တရားဝင်ထွက်ခွာခဲ့သည်။ Brexit  အခင်းအကျင်းသည် ထိုအချိန်မှစ၍ ဘရပ်ဆဲလ်နှင့် ဆက်ဆံရေးအသစ်တစ်ခုကိုဖော်ဆောင်ပေးခဲ့သော်လည်း ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောအတားအဆီးများဖြစ်စေခဲ့သည်။ ယခု အခါ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ပြီးနောက် (၁၀) နှစ်ကျော် အကြာတွင် ဝန်ကြီးချုပ်က န့ အဖွဲ့ဝင်ဖြစ်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုကို အချိန်တန်ပြီဖြစ် ၍ ပြန်လည်စတင်သင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ 


စီးပွားရေးထိခိုက်မှုနှင့် နိုင်ငံတကာ တုံ့ပြန်ချက်များ 

Brexit သည် ကောင်းကျိုးထက် ဆိုးကျိုး ကိုပိုမိုဖြစ်စေခဲ့ပြီး ဗြိတိန်နိုင်ငံအတွက် ပိုမိုမြင့်မားသော စီးပွားရေးတိုးတက်မှုနှင့်သာယာဝပြောမှုကို ပြန်လည် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ လူထုဆန္ဒခံယူ ပွဲကို ချက်ချင်းပြုလုပ်ရန်တောင်းဆိုသည်အထိမသွား ခဲ့သော်လည်း ဥရောပဘက်မှတုံ့ပြန်မှုမှာ အလွန်လျင် မြန်ခဲ့သည်။ Brexit   ဆိုသည်မှာ ဗြိတိသျှပြည်သူများ အတွက်ရော ဥရောပစီမံကိန်းကြီးတစ်ခုလုံးအတွက်ပါ ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ယူဆချက် များရှိသည်။ စပိန်နိုင်ငံကဲ့သို့သောနိုင်ငံများကမူ ဗြိ တိန် ပြန်လည်ဝင်ရောက်လာမှုကို သေချာပေါက်ကြို ဆိုမည်ဖြစ်ကြောင်းပြသခဲ့သည်။ သို့သော်လည်း ဗြိ တိန်နိုင်ငံအတွင်း ဤကိစ္စနှင့်ပတ်သက်သည့်တုံ့ပြန် မှုများမှာ ကွဲပြားလျက်ရှိနေဆဲ ဖြစ်သည်။

ဖာရာ့ဂ်၏တုံ့ပြန်မှုနှင့် လူထုအမြင်စစ်တမ်းများ  

Brexit  မဲဆွယ်စည်းရုံးမှုကိုဦးဆောင်ခဲ့သူ Reform UK ပါတီခေါင်းဆောင် နိုက်ဂျယ်ဖာရာ့ဂ် (Nigel Farage) က ဤကိစ္စကို ပြန်လည်တုံ့ပြန်သွား မည်ဖြစ်ကြောင်း တရားဝင်ကတိပြုခဲ့သည်။ ဥရောပ သမဂ္ဂနှင့်ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ ပြန်လည်လုပ် ဆောင်ခြင်းသည် စည်းလုံးမှုကိုယူဆောင်လာလိမ့်မည် မဟုတ်ဘဲ အလုံးစုံကွဲပြားမှုကိုသာဖြစ်ပေါ်စေလိမ့်မည် ဟု ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အများပြည်သူ၏အမြင်သဘောထားများမှာ သိသိသာ သာပြောင်းလဲလာနိုင်ခြေရှိနေသည်ကို တွေ့ရသည်။ ဗြိတိသျှနိုင်ငံသား (၁၁,ဝဝဝ)ကျော်ကို နောက်ဆုံး ကောက်ယူခဲ့သည့်လူထုစစ်တမ်းအရ မဲပေးသူ (၄၉) ရာခိုင်နှုန်းက EU သို့ပြန်ဝင်ရန်ထောက်ခံကြပြီး (၂၈ ဒသမ ၅) ရာခိုင်နှုန်းကသာ ကန့်ကွက်ကြသည်။

ပြည်သူများ၏ခံစားချက်နှင့်စီးပွားရေးအမြင် 

ဥရောပမှ အဘယ်ကြောင့်ထွက်ခဲ့ကြရ သည်ကို အစကတည်းက နားမလည်နိုင်အောင်ဖြစ်ကြ သူများရှိနေပြီး အရင်အတိုင်းပြန်သွားချင်သည့်ဆန္ဒ များလည်းရှိနေသည်။ အရင်အတိုင်းပြန်သွားရန် ကြိုး ပမ်းခြင်းသည် ဒီမိုကရေစီကို သွယ်ဝိုက်ပြီး ခြေရာနင်း ရာကျသည်ဟုရှုမြင်ကြသော်လည်း တော်လောက်ပြီ ဟုယူဆရမည့်အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာခဲ့ ပြီဖြစ်သည်။ EU သို့ ပြန်လည်ဝင်ရောက်ရန်အတွက် ငွေကြေးပမာဏ အများအပြားပေးဆောင်ရမည်ဖြစ်ပြီး အခက်အခဲပေါင်းစုံကိုဖြတ်ကျော်ရလိမ့်မည်ဟု သုံး သပ်မှုများလည်းရှိနေသည်။ သို့သော်လည်း အီးယူမှ ဗြိတိန်ထွက်သွားခဲ့ခြင်းသည် နိုင်ငံအတွက် အကြီးမား ဆုံးကပ်ဘေးများထဲမှတစ်ခုဖြစ်ပြီး စီးပွားရေးနှင့် လုပ် သားအင်အားစုအတွက် ကောင်းကျိုးဖြစ်ထွန်းစေရန် ပြန်လည်ဝင်ရောက်သင့်သည်ဟု ယူဆနေကြသည်။


ဥရောပ၏ တင်းကျပ်သောစည်းကမ်းချက်များနှင့် နိုဝင်ဘာ ထိပ်သီးအစည်းအဝေး


အီးယူသို့ အပြည့်အဝပြန်မဝင်ဘဲ တစ်ဝက် တစ်ပျက်ဖြင့်ပြန်သွားမည့် မည်သည့်လုပ်ရပ်မဆို တင်းကျပ်သောစည်းကမ်းချက်များဖြင့် စည်းနှောင် ထားမည်ဖြစ်ကြောင်း ဥရောပခေါင်းဆောင်များက ပြောကြားထားပြီးဖြစ်သည်။ ဥရောပသမဂ္ဂ၏လွတ် လပ်ခွင့်များထဲမှ မိမိကြိုက်နှစ်သက်ရာကို စိတ်ကြိုက် ရွေးချယ်ယူ၍မရနိုင်သကဲ့သို့ မိမိနှင့်အဆင်ပြေသည် ကိုသာယူမည်ဟု ဆုံးဖြတ်ခွင့်မရှိကြောင်းလည်းအသိ ပေးထားသည်။ ဗြိတိန်၏ Brexit နောက်ပိုင်းဆက်ဆံရေးသည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားနိုင်သည့် နိုဝင်ဘာလထိပ်သီးအစည်းအဝေးတွင် ဗြိတိန်နှင့် EU တို့ တွေ့ဆုံရန်စီစဉ်လျက်ရှိသည်။ အဆိုပါအ စည်းအဝေးသည် နှစ်ဖက်ဆက်ဆံရေး၏ အလှည့်အ ပြောင်းတစ်ခု ဖြစ်လာနိုင်ခြေရှိသည်။ 

နိုင်ငံရေးအယ်ဒီတာများနှင့် ရုပ်သံထုတ် လွှင့်သူများက Brexit နှင့်ပတ်သက်သော ရှုပ်ထွေးမှု များကို သုံးသပ်တင်ပြခဲ့ကြသည်။ Brexit ဆွေးနွေး ပွဲများနှင့် ပြီးခဲ့သော (၁၀)နှစ်တာကာလအတွင်း မ ဖြေရှင်းနိုင်ခဲ့သည့်ပြဿနာများသည် နိုင်ငံအတွက် အလွန်တရာ ထိခိုက်နစ်နာစေခဲ့ကြောင်း ထောက်ပြ ကြသည်။ ဝန်ကြီးချုပ်သစ်တစ်ဦးအနေဖြင့် Brexit ကို ပြန်လည်စဉ်းစားသင့်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလာခြင်းသည် တားမြစ်ထားသောစည်းမျဉ်း တစ်ခုကို ဖောက်ဖျက်လိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါ အခြေအနေသည် နိုင်ငံရေးဆွေးနွေးငြင်းခုံမှုအသစ် တစ်ခုကို သေချာပေါက် စတင်ပေးနိုင်မည်ဖြစ်သော် လည်း လက်တွေ့တွင် ရေရှည်ခရီးဆက်ရဦးမည်ဖြစ် သည်။


ဘာနမ်၏ မဟာဗျူဟာနှင့်နိုင်ငံရေး ရပ်တည်ချက် 


ဝန်ကြီးချုပ်၏ အဓိကရပ်တည်ချက်မှာ    နိုင်ငံလုံးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားရန် ဖြစ်ပြီး ထိုမှတစ်ဆင့် လာမည့်ရွေးကောက်ပွဲအတွက် လေဘာပါတီ၏ မဲဆွယ်ကြေညာစာတမ်းတွင် အဆို ပြုချက်များထည့်သွင်းသွားရန် ဖြစ်သည်။ အကယ်၍ အဆိုပါလုပ်ငန်းစဉ်များအားလုံးအတွက် အချိန်လုံ လောက်မည်ဆိုပါက တိုက်ရိုက်ပြန်ဝင်မည်ဟုကြေ ညာသည်ထက် ပိုမိုလျှော့ပေါ့ထားသောပုံစံဖြင့် လုပ် ဆောင်လာဖွယ်ရှိသည်။ သို့သော်လည်း အခြေအနေ အရ တိုက်ရိုက်ပြန်ဝင်ရန် သို့မဟုတ် နောက်ထပ် လူ ထုဆန္ဒခံယူပွဲတစ်ခုကျင်းပရန်အထိပါ ရောက်ရှိသွား နိုင်ခြေရှိနေသည်။ ယင်းအချက်သည် နိုင်ငံရေးအရ ကြီးမားသောအပြောင်းအလဲများကို ဖန်တီးလာနိုင် စရာအကြောင်းရှိသည်။


ဘာနမ်၏ မဲဆန္ဒရှင်များအား စိန်ခေါ်မှုနှင့် လေဘာပါတီ၏ အနေအထား 


မဲဆန္ဒရှင်များကို တိုက်ရိုက်စိန်ခေါ်လိုက် သည့်သဘောမျိုးဖြင့် ဝန်ကြီးချုပ်က ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။ လူထုအနေဖြင့် လက်ရှိပြော ဆိုချက်များကို အလုံးစုံ ကြိုက်နှစ်သက်ချင်မှ ကြိုက် ကြပါလိမ့်မည်။ အပြောင်းအလဲအချို့ကိုဖော်ဆောင် ရန် လက်တွေ့ဆန်သောလုပ်ရပ်များ လိုအပ်နေပြီဖြစ် သည်။ ဝက်စ်မင်စတာကို ငြီးငွေ့နေကြပြီဖြစ်သော မဲဆန္ဒရှင်များ၏အခြေအနေကို သိရှိနားလည်သဖြင့် လူမှုဖူလုံရေးနှင့် မြနထငအ ကဲ့သို့သောအမှားအယွင်း များကိုပြင်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်း မဟာဗျူဟာသည် လေဘာပါတီ၏ လက်ဝဲယိမ်းအင် အားစုများကို ပြန်လည်စုစည်းပေးနိုင်မည့် အဓိက နည်းလမ်းတစ်ခုလည်း ဖြစ်လာသည်။


ပါတီတွင်း စည်းလုံးညီညွတ်မှုနှင့် လစ်ဘရယ်ဒီမိုကရက်များနှင့် ဆက်စပ်မှု 


နိုင်ငံရေးအရ အရေးအကြီးဆုံးအချက်တစ် ချက်မှာ လေဘာပါတီအတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်ပင်ဖြစ်သည်။ ဝန်ကြီးချုပ်သစ် တာ ဝန်ထမ်းဆောင်လာချိန်တွင် ပါတီအတွင်း၌ ကြီးမား သောရန်ငြိုးဖွဲ့မှုများ သို့မဟုတ် ဒေါသထွက်မှုများကင်း မဲ့နေသည်ကိုတွေ့ရပြီး ယင်းမှာ ပါတီကို ထူးချွန်ပြောင် မြောက်စွာစီမံခန့်ခွဲနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဥရော ပကိစ္စရပ်များသာမက အစ္စရေးကဲ့သို့သော နိုင်ငံတ ကာကိစ္စရပ်များတွင်ပါ ကြိုတင်ကြေညာချက်များ ထုတ်ပြန်ကာ ပါတီကိုစုစည်းနိုင်ခဲ့သည်။ ဤမူဝါဒနှင့် လုပ်ဆောင်ချက်များသည် လစ်ဘရယ်ဒီမိုကရက်ပါတီ ၏လမ်းကြောင်းများနှင့် အလွန်ပင် ဆင်တူယိုးမှားဖြစ် နေသည်ကိုတွေ့ရသည်။

ဗြိတိန်စီးပွားရေးအပေါ် Brexit ၏ထိခိုက် မှုမှာ ကြီးမားခဲ့ပြီး ဂျီဒီပီ၏(၆)ရာခိုင်နှုန်းခန့်ဆုံးရှုံးခဲ့ရ သည်ဟု ခန့်မှန်းချက်များကဆိုသည်။ အကယ်၍ ထို ငွေကြေးများသာ ဆက်လက်ရှိနေမည်ဆိုပါက ကာ ကွယ်ရေးနှင့် အခြားကဏ္ဍများအပေါ်ကျရောက်နေ သည့်ဖိအားများ လျော့ပါးသွားမည်မှာသေချာသည်။ ဥရောပနှင့်ကုန်သွယ်မှုများ အတော်ပျက်စီးခဲ့ရခြင်း ကြောင့် စီးပွားရေးလုပ်ငန်းအများအပြားမှာ ရပ်စဲသွား ခဲ့ရသည်။ 


အနာဂတ် ညွန့်ပေါင်းအစိုးရအလားအလာနှင့် မဟာမိတ်ပြုမှုများ 


လေဘာပါတီနှင့် လစ်ဘရယ်ဒီမိုကရက် များကြားတွင် အနာဂတ်ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်ခြေ ရှိမရှိဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ တရားဝင် သို့မဟုတ် တရားမဝင် သော ရွေးကောက်ပွဲဆိုင်ရာမဟာမိတ်ပြုမှုများ ပြု လုပ်ရန်လည်း လူပြောများနေကြဆဲဖြစ်သည်။ လေ ဘာ၊ လစ်ဘရယ်ဒီမိုကရက်နှင့် စိမ်းလန်းရေးပါတီများ အနေဖြင့် အလယ်အလတ်မဲဆန္ဒနယ်များတွင် Reform ပါတီ၏လွှမ်းမိုးမှုကိုတားဆီးရန်အတွက် မဲ များမကွဲစေရန် သဘောတူညီချက်များ ရယူလာနိုင် ခြေရှိသည်။ သို့သော်လည်း ထိုသို့သော မဟာမိတ်များ ဖြစ်မြောက်လာစေရန်အတွက် အချိုးကျရွေးကောက် ပွဲစနစ်၊ လူမှုဖူလုံရေးနှင့် ဥရောပနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး စသည့်အချက်အလက်များကို အပြန် အလှန်လဲလှယ်ပေးရမည့်အနေအထားရှိသည်။


မဲဆန္ဒရှင်များ၏ ရပ်တည်ချက်  


နိုင်ငံရေးပါတီအချို့အတွက်မူ ဤဆွေး နွေးချက်များသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေပေါ်တွင် တိုက်ယူရမည့်အခြေအနေကောင်းတစ်ခု ဖြစ်လာ သည်။ လူထုစစ်တမ်းများက Brexit အလုပ်မဖြစ် တော့ကြောင်းပြသနေသော်လည်း မဲဆန္ဒရှင်အများ စုမှာ မူလ Brexit  လမ်းကြောင်းအတိုင်း ဆက်လက်မဲ ပေးနေကြဆဲဖြစ်သည်။ သို့သော် ဒေသန္တရရွေးကောက် ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကိုကြည့် လျှင် မဲဆန္ဒရှင်များသည် ဝက်စ်မင်စတာထက် ရှေ့ ရောက်နေသည်ကိုတွေ့ရသည်။ ဗြိတိန်တွင် Reform  ပါတီသည် Green Party  နှင့်လေဘာပါတီကိုရှုံးနိမ့် ခဲ့ပြီး စကော့တလန်နှင့်ဝေးလ်စ်တို့တွင်လည်း အမျိုး သားရေးပါတီများကိုရှုံးနိမ့်ခဲ့ခြင်းကြောင့် မဲဆန္ဒရှင် များအနေဖြင့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြန် လည်စုစည်းနေကြပြီဖြစ်သည်။


ကမ္ဘာ့အပြောင်းအလဲနှင့် ဗြိတိန်၏ ဥရောပဆီ ပြန်လည်နီးကပ်မှု


ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများဖြစ် သော အမေရိကန်၏ မူဝါဒအပြောင်းအလဲများ၊ တရုတ်နိုင်ငံ၏အင်အားပြမှုများနှင့် ကနေဒါနိုင်ငံ၏ ဥရောပသမဂ္ဂတွဲဖက်အဖွဲ့ဝင်ဖြစ်လိုမှုတို့ကြောင့် ဗြိ တိန်အတွက် ဥရောပနှင့်နီးကပ်ရန် ပိုမိုအရေးပါလာ သည်။ ဥရောပသမဂ္ဂသည် ဗြိတိန်၏ အကြီးဆုံးဈေး ကွက်ဖြစ်သောကြောင့် စီးပွားရေးအရ အလွန်တရာ ကျိုးကြောင်းဆီလျော်မှုရှိသကဲ့သို့ ရုရှား၏ခြိမ်းခြောက် မှုများကိုရင်ဆိုင်ရာတွင်လည်း ကာကွယ်ရေးမဟာမိတ် အဖွဲ့များ လိုအပ်နေခြင်းဖြစ်သည်။ သို့သော်လည်း ယူရိုငွေကြေးစနစ်ကိုလက်ခံရန်နှင့် ဘတ်ဂျက်ငွေ ထည့်ဝင်ရန် စသည့်ကိစ္စရပ်များမှာ လက်တွေ့တွင် အလွန်တရာခက်ခဲနိုင်ပြီး ယူကေအနေဖြင့် ချက်ချင်း ပြန်ဝင်ရန်မှာ အလှမ်းဝေးနေဦးမည် ဖြစ်သည်။ 


ဘရပ်ဆဲလ်၏သဘောထားနှင့် ရှေ့ဆက်မည့် မဟာမိတ်လမ်းကြောင်း 


ဘရပ်ဆဲလ်ဘက်မှကြည့်လျှင်လည်း ဗြိ တိန်နိုင်ငံကို အလွယ်တကူ ပြန်လည်လက်ခံလိုစိတ် နည်းပါးနေပါသည်။ အပြင်လောကတွင် ခက်ခဲလာ သောအခါ ထွက်သွားပြီး အဆင်မပြေသည့်အခါ ပြန် ဝင်လာနိုင်သည်ဟူသောပုံစံမျိုးကို လက်မခံလိုကြပါ။ ထို့ကြောင့် ဗြိတိန်အနေဖြင့် မူလကရရှိထားခဲ့သော အခြေအနေများထက် ပိုမိုဆိုးရွားသော သဘောတူညီ ချက်များဖြင့်သာ ပြန်လည်ဝင်ရောက်ရမည့်အန္တရာယ် ရှိနေသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် အမေရိကန်၏ မတည်ငြိမ်သောမဟာမိတ်မူဝါဒများကြောင့် နှစ်ဖက် စလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် လို အပ်ချက်များရှိနေဆဲဖြစ်သည်။ တစ်ကြိမ်တည်းနှင့် လူထုဆန္ဒခံယူပွဲဖြင့်ဝင်ရောက်ခြင်းထက် နှစ်ပေါင်း များစွာကြာအောင် စာချုပ်များချုပ်ဆိုကာ တဖြည်းဖြည်း ချင်းနီးကပ်လာမည့်လမ်းကြောင်းကိုသာ ပိုမိုမျှော်မှန်း ကြသည်။


ဆန္ဒခံယူပွဲ၏ခက်ခဲမှုနှင့် အကျပ်အတည်း အခြေအနေများ 


ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် မဲဆွယ် ကြေညာစာတမ်းတွင်ထည့်သွင်းကာ လူထုဆန္ဒခံယူပွဲ မပါဘဲ ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည် ရွေး ကောက်ပွဲတွင် ကြီးမားသောစွန့်စားရမှုတစ်ခု ဖြစ်လာ နိုင်သည်။ လူထုဆန္ဒခံယူပွဲများပြုလုပ်ခြင်းသည် နိုင်ငံ အတွက် အလွန်တရာခက်ခဲကြမ်းတမ်းပြီး စကော့ တလန် လွတ်လပ်ရေးဆန္ဒခံယူပွဲကဲ့သို့သော နောက် ဆက်တွဲရိုက်ခတ်မှုများမှာ ယခုတိုင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်တွင် ကြီးမားသောအကျပ်အ တည်းများဖြစ်သည့် ရုရှား၏ နေတိုးကိုတိုက်ခိုက်မှုမျိုး သို့မဟုတ် ဗြိတိန်စီးပွားရေးပြိုလဲမှုမျိုးဖြစ်လာခဲ့ပါက ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တိုက်ရိုက်ဆုံးဖြတ်ချက် ချမှတ်ရမည့်အနေအထားမျိုးရောက်ရှိလာနိုင်သည်။


လူငယ်များ၏ အမြင် 


လက်ရှိ လူထုအမြင်စစ်တမ်းများအရ Brexit  ဆုံးဖြတ်ချက်ကို မှားယွင်းခဲ့သည်ဟု မြင်ကြ သူများက အများစုဖြစ်နေပြီး အထူးသဖြင့် အသက် (၁၈) နှစ်မှ (၂၄) နှစ်ကြား လူငယ်များမှာ ဥရောပသို့ ပြန်လည်ဝင်ရောက်လိုကြသည်။ လူငယ်များသည် လွတ်လပ်စွာသွားလာခွင့်နှင့် ကမ္ဘာလုံးဆိုင်ရာဆက်ဆံ ရေးများကိုတန်ဖိုးထားကြသော်လည်း သက်ကြီးမျိုး ဆက်များကြားတွင်မူ ယခင်ဆုံးဖြတ်ချက်များနှင့်ပတ် သက်၍ အငြင်းပွားမှုများနှင့်နောင်တရမှုများ ဆက် လက်ရှိနေဆဲဖြစ်သည်။ ဗြိတိန်နိုင်ငံအနေဖြင့် ထိုကဲ့ သို့ ရှုပ်ထွေးနက်နဲလှသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုများအကြားတွင် ဥရောပ သမဂ္ဂဆီသို့ အမှန်တကယ် ပြန်လာနိုင်မည်လောဆို သည်မှာ နောင်လာမည့်အနာဂတ်ကာလများ၏ နိုင်ငံ ရေးအပြောင်းအလဲများနှင့် ပြည်သူများ၏ဆုံးဖြတ် ချက်များအပေါ်တွင်သာ အပြည့်အဝမူတည်နေမည် ဖြစ်သည်ဟု သုံးသပ်ရသည်။    


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လုံခြုံရေးအခြေအနေများကြောင့် မှတ်ပုံတင်ထားသည့်ရုံးသို့ မလာရောက်နိုင်သော ယာဉ်များကို အထူးကိစ္စတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved