မြန်မာနယ်စပ်အနီး မဲဆောက်တွင် တိရစ္ဆာန်မှောင်ခိုကူးသူနှစ်ဦးကို ပန်ဒါနီတစ်ကောင်နှင့်အတူ ဖမ်းဆီးရမိ
စော (NSS) - အောက်တိုဘာ ၂၆
မြန်မာနယ်စပ်အနီး တက်ခ်ပြည်နယ် မဲဆောက်တွင် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေပြီး အကာအကွယ်ပေးထားရသည့် တိရစ္ဆာန်ဖြစ်သော ပန်ဒါနီကို ယာဉ်ထဲဖွက်ယူလာသည့် အမျိုးသားနှစ်ဦးကို ထိုင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့ကြောင်း Bangkok Post မှ ယနေ့ (အောက်တိုဘာ ၂၆ ရက်) တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် (အောက်တိုဘာ ၂၃ရက်)က မဲဆောက်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသည် အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် ပစ်ကပ်ထရပ်ကားကို ရပ်ခိုင်းကာ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမှ ရှားပါးမျိုးစိတ်ဖြစ်သော ပန်ဒါနီကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် ပန်ဒါနီနှင့်ပတ်သက်၍ ထိန်းသိမ်းခွင့်လိုင်စင်ကို မပြသနိုင်ခဲ့သဖြင့် မဲဆောက်ရဲစခန်းကိုခေါ်ဆောင်သွားခဲ့ပြီး ရှားပါးမျိုးစိတ်ဝင် ပန်ဒါနီကို တရားမဝင်ပိုင်ဆိုင်ထားမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ပန်ဒါနီသည် မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် တောရိုင်းတိရစ္ဆာန်နှင့် အပင်များနိုင်ငံတကာကုန်သွယ်မှုဆိုင်ရာစာရင်းတွင် ထိပ်ဆုံးမှာ ပါဝင်နေပြီး စီးပွားဖြစ်ကုန်သွယ်ခွင့်ကို တင်းကျပ်စွာတားမြစ်ထားကြောင်း သိရသည်။
ဥပဒေအရ ပြစ်မှုကျူးလွန်သူများသည် အများဆုံး (၁၀) နှစ်ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ဘတ် (၁)သန်းအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် စပါးကြီးမြွေလမ်းပေါ်ထွက်လာမှုသည် ငလျင်နှင့်မသက်ဆိုင်ဟုဆို
RELATED POSTS
06 Nov 2026 | ဗဟုသုတ,ပြည်တွင်း
02 Nov 2026 | ဗဟုသုတ,နိုင်ငံတကာ
27 Oct 2026 | ဗဟုသုတ,နိုင်ငံတကာ
