Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ဒဂုံတွင် မိသားစုပင်မသိဘဲ အိမ်ထောင်စုစာရင်းစာရွက်(၃)ရွက်ထွက်နေသောဖြစ်စဉ်ဖြစ်ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်ရှိနိုင်

သုတကျော် (NSS) - အောက်တိုဘာ ၁၆ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိသားစုပင် မသိလိုက်ဘဲ မူရင်း အိမ်ထောင်စု စာရင်း စာရွက်အပြင် အခြားသူများပါ ရောနှောပါဝင်နေသည့် အိမ်ထောင်စုစာရင်းစာရွက် နှစ်ရွက် ထပ်ထွက်နေသောဖြစ်စဉ်ဖြစ်ခဲ့ကာ အလားတူ ဖြစ်စဉ်မျိုး ထပ်ရှိနိုင်ကြောင်း ယင်း နစ်နာသူမိသားစုဘက်မှ ကူညီဆောင်ရွက် ပေးနေသည့် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ မှ ဦးသုစိတ္တ က NP News သို့ပြောသည်။ 

မျိုးချစ်မြန်မာ ရဟန်းတော်များ ရဟန်းတော်များ သမဂ္ဂသို့ အကူအညီတောင်းလာသည့်အတွက် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် မိခင်၊ သမီး၊ သားမက် နှင့် မြေးတို့ပါဝင်သည့် အိမ်ထောင်စု စာရင်း အပြင် ဆွေမျိုးတော်စပ်ခြင်းမရှိဘဲ ဘာသာခြား အမျိုးသား (၁) ဦး အပါ အမျိုးသား (၈) ဦးကို ထည့်သွင်းထားသည့် အိမ်ထောင်စုစာရင်း တစ်ရွက်၊ အခြားအမျိုးသား လေးဦးကို ထည့်သွင်းထားသည့် အိမ်ထောင်စု စာရင်း တစ်ရွက် ထပ်ထွက်နေခြင်းဖြစ်သည်။ 

လမ်းတာဝန်ခံနှစ်ဦးနှင့် ဘာသာခြားတစ်ဦးက အိုဗာတင်းဘူး နှင့် မုန့်များအား ယူဆောင်လာကာ အဆိုပါ ဘာသာခြားက ၎င်း၏သမီး မွေးစားရင်းလိုသည့်အတွက် လဝကရုံးတွင် မွေးစားသားဖြစ်ကြောင်း ထွက်ဆိုပေးရန် ပြောကြားခဲ့သည်ဟု ဦးသုစိတ္တက လူမှုကွန်ယက် TikTok စာမျက်နှာထက်တွင် တင်ထားသော ဗွီဒီယိုအတွင်း မိန့်ကြားထားသည်။ 

ထို့အပြင် အဆိုပါ အမျိုးသား (၈) ဦးပါ အိမ်ထောင်စုစာရင်း စာရွက်တွင် သမီးဖြစ်သူ၏ ခင်ပွန်းအဖြစ် အမျိုးသား လေးဦးကို စာရင်းသွင်းထားခြင်းဖြစ်ကြောင်းလည်း မိန့်ထားသည်။ 

“ဒီအဘွားက သူမှမသိတာကိုး။ မွေးလည်း မမွေးစားဘူး၊ ကြားလည်း မကြားဘူး၊ သိလည်း မသိဘူး။ နောက်ထ် အတုထွက်နေတာလည်း မသိဘူး။ နောက်တစ်ခု ထပ်ထွက်နေတာလည်း မသိဘူး” ဟု ဗွီဒီယိုဖိုင်အတွင်း မိန့်ထားသည်။ 


ယင်းသို့လိုက်မကူညီပါက မူရင်းအပြင် ယင်းသို့ အိမ်ထောင်စုစာရင်း နှစ်ခုထွက်နေကြောင်းနှင့် လိုက်မလုပ်ပေးပါက ယင်း စာအရွက်များအတွက် တာဝန်ယူရမည်/အရေးယူခံရမည်ဟု ဘာသာခြားအမျိုးသားနှင့်အတူလိုက်ပါလာခဲ့သူ လမ်းတာဝန်ခံနှစ်ဦးက ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း သိရသည်။ 

“ဒါက ရောက်တဲ့ဟာပဲ။ မရောက်တဲ့ဟာတွေက ဘယ်လောက်တွေရှိနေလဲမသိဘူး” ဟု ဦးသုစိတ္တက NP News သို့မိန့်သည်။ 

အလားတူဖြစ်စဉ်မျိုးကို လာရောက် အကူအညီတောင်းခံပါကလည်း ကူညီပေးရန် အဆင်သင့်ရှိကြောင်း မိန့်ကြားသည်။ 

“အမျိုးဘာသာ၊ သာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒါကလည်း မြေမြိုလို့ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အချိန်ပြည့် (၂၄) နာရီ အကူအညီတောင်းရင် တတ်နိုင်တဲ့ဘက်က ကူညီနိုင်တာ ရှိသလောက် ဦးဇင်းတို့က ကူညီပေးဖို့ အဆင်သင့်ပါပဲ။ အမျိုးသားလုံခြုံရေးနဲ့သက်ဆိုင်တယ်။ တိုင်းပြည် အချုပ်အခြာအာဏာနဲ့လည်း သက်ဆိုင်တဲ့အတွက် (၂၄) နာရီ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနဲ့ သော်လည်းကောင်း လာရောက်အကူအညီတောင်းခံလို့ရတယ်။ မှန်၊ မမှန် စိစစ်ပြီးတော့ ဦးဇင်းတို့က သက်ဆိုင်ရာလူကြီးတွေနဲ့တွေ့ဆုံပြီးတော့ အမှန်အတိုင်းဖြစ်ဖို့ မေတ္တာရပ်ခံတာတို့ ဘာတို့လုပ်မယ်” ဟု မိန့်သည်။ 

ထိုသို့ဆောင်ရွက်၍လည်း မရဟု ဆိုပါက သက်ဆိုင်ရာလူကြီးများ သိရှိစေရန်အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း မိန့်ကြားသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပထမအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေး

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved