Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးတွင် တစ်ပတ်အတွင်း အပူဒါဏ်သင့် ဖျားနာလူနာ(၁၀၀)ထက်မနည်း ဆေးရုံပို့ပေးခဲ့ရဟုဆို


 ကိုဖြိုး (NSS)- အောက်တိုဘာ ၁၆

မန္တလေးမြို့တွင် တစ်ပတ်အတွင်းအပူဒါဏ်သင့် (Heat Stroke) ကြောင့် ဖျားနာလူနာဆေးရုံပို့ပေးရမှုဖြစ်စဉ် (၁၀၀)ထက်မနည်းရှိ ခဲ့ကြောင်း မန္တလေးမြို့ခံလူမှုရေးအသင်းများမှသိရသည်။

နေ့အပူချိန်ဆက်တိုက်မြင့်တက်နေသည့်ပြီးခဲ့သည့် အောက်တိုဘာလ(၆)ရက်နေ့မှ (အောက်တိုဘာ ၁၃ ရက်)အထိ တစ်ပတ်တာကာလအတွင်းဖြစ်ပြီး အတွင်းလူနာနှင့် ပြင်ပလူနာဌာနများသို့ နေ့စဥ်ပို့ပေးနေရကြောင်း အခမဲ့လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူက ပြောသည်။

“ကိုယ့်တစ်သင်းထဲပို့ပေးရတာတော့မဟုတ်ဘူးပေါ့နော်၊ ညီနောင်အသင်းတွေရဲ့ နေ့စဥ်ဆောင်ရွက်ချက်အချက်အလက်တွေအရဆိုရင် တစ်ပတ်အတွင်း(၁၀၀)မကတော့ဘူး၊ ဒါက ပြင်ပလူနာရောအတွင်းလူနာရောနှစ်ခုပေါင်းပေါ့နော်၊ အခုအထိတော့ အသေအပျောက်မရှိသေးပါဘူး၊ မန္တလေးဆေးရုံကြီးက လူနာတွေကိုအရမ်းဂရုစိုက်ကုသပေးနေပါတယ်” ဟု ၎င်းကဆိုသည်။

ဆေးရုံပို့ပေးရသည့်လူနာများတွင် နေ့အပူချိန်မြင့်တက်နေချိန် အပြင်ထွက်၍လုပ်ငန်းခွင်ဝင်ရသူများ၊ လမ်းသွားရင်းရုတ်တရတ်မူးလဲကျသူများနှင့် ရေချိုးမှားသူများပါဝင်ပြီး အများစုမှာ အသက်(၅၀)ဝန်းကျင်နှင့်အထက်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနက အပူချိန်မြင့်တက်နေတဲ့အပေါ်ဆောင်ရန်ရှောင်ရန်တွေထုတ်ပြန်ပေးထားပါ တယ်။ဒါပေမယ့် လက်တွေ့မြေပြင်မှာ မိသားစုစားဝတ်နေရေးအရ နေပူထဲကိုမလွဲမရှောင်သာထွက်ရတဲ့သူ တွေလဲရှိပါတယ်။ မလွဲမရှောင်လို့အပြင်ထွက်ရမယ်ဆိုရင် အပူဒါဏ်ခံနိုင်ဖို့ကြိုတင်ပြင်ဆင်ထားသင့်ပါ တယ်”ဟု ဆရာဝန်တစ်ဦးကသုံးသပ်ပြောကြားသည်။

မန္တလေးမြို့တွင် (၂၀၂၄) ခုနှစ် နေ့အပူချိန်စံချိန်တင်မြင့်တက်စဉ်ကာလအတွင်း အပူဒါဏ်သင့်(Heat Stroke) ကြောင့် တစ်ရက်အတွင်း(ဧပြီ ၂၉ ရက်)လူ(၁၀) ဦးထက်မနည်း‌သေဆုံးသည့်ဖြစ်စဥ်နှင့် တစ်လအတွင်း(၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ)လူ(၁၀၀)ကျော် ‌‌သေဆုံးသည့်ဖြစ်စဥ်တို့ရှိခဲ့ဖူးပြီး ‌သေဆုံးသူများတွင် သက်ကြီးရွယ်အိုများအပြင် ဆယ်ကျော်သက်အရွယ်များလည်းပါ၀င်သည်။

“ရန်ကုန်မှာတောင်အပူချိန်မြင့်လို့ အသက်သေဆုံးတဲ့အထိ ဖြစ်စဉ်တွေရှိလာပြီဆိုတော့ မန္တလေးမှာဆိုရင် ပိုဆိုးနိုင်ပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာအပူချိန်မြင့်လိုမူးလဲတဲ့ဖြစ်စဉ် နှစ်ခုရှိပါတယ်။ နောက်လတွေမှာ အပူချိန်ပိုများလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အပူချိန်ကိုသတိထားပြီး သွားလာသင့်ပါတယ်”ဟု ရန်ကုန်မြို့ခံလူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးကပြောသည်။

စူပါအယ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင်အပူချိန်မြင့်တက်မှုများဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာက လိုက်နာသင့်သည်များကိုထုတ်ပြန်ထားရာ အများပြည်သူများအနေဖြင့်ရာသီဥတု ပူပြင်းချိန်များတွင် ဂရုစိုက်နေထိုင်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာကြွမ်းကျင်သူများက အကြံပြုထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

"ငြိမ်းချမ်းရေးကို ပြည့်ပြည့်ဝဝ လုပ်ချင်ရင် ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်" ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ပြော

RECENT POSTS
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ
09 Nov 2026
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရုရှားလွှတ်တင်
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved