လျှို့ဝှက်ချက်ပေါက်ကြားစေသူတွေအားလုံးကို သတ်ပစ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika (NSS) - အောက်တိုဘာ ၁၆
သတင်းထောက်တွေနဲ့လျှို့ဝှက်သတင်းအချက်အလက်တွေကို မျှဝေတဲ့အစိုးရဝန်ထမ်းတွေကို သေဒဏ်ပေးသင့်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဥပမာအနေနဲ့ အီရန်ကိုလေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း တိုက်လေယာဉ်တွေ ထွက်ခွါချိန်နဲ့ရောက်ရှိချိန်ဆိုင်ရာအချက်အလက်တွေက New York Times နဲ့ CNN တို့ အပါအဝင် သတင်းမီဒီယာတွေဆီပေါက်ကြားသွားခဲ့တာကြောင့် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က တိုက်ခိုက်မှုကိုရွှေ့ဆိုင်းလိုက်ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒေါ်နယ်ထရမ့်ရည်ညွှန်းပြောဆိုတဲ့ စစ်ဆင်ရေးက ဘယ်စစ်ဆင်ရေးဆိုတာကို အတိအကျမသိရှိရသေးပေမယ့်လည်း မီဒီယာအများအပြားကတော့ ပြီးခဲ့တဲ့နှစ်က အီရန်ရဲ့မြေအောက်နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်းကို ပြောဆိုတာဖြစ်နိုင်တယ်လို့ ခန့်မှန်းရေးသားဖော်ပြထားပါတယ်။

ဒေါ်နယ်ထရမ့်က "တစ်စုံတစ်ယောက်က သတင်းတွေကိုပေါက်ကြားအောင်လုပ်ခဲ့ပါတယ်။အဲ့ဒီလူတွေက ထောင်လည်းကျသင့်သလို သေနတ်နဲ့လည်း ပစ်သတ်ခံရသင့်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ယခင်က သတင်းပေါက်ကြားစေသူတွေကို သတ်ပစ်လေ့ရှိပြီး အထူးသဖြင့်နိုင်ငံတစ်နိုင်ငံကို ဘယ်အချိန်မှာတိုက်ခိုက်မယ်ဆိုတဲ့အချက်အလက်တွေကိုပေါက်ကြားစေတဲ့လူတွေကလည်း သတ်ပစ်ခံရသင့်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "သတင်းပေါက်ကြားသူတွေဆိုတာ ကမ္ဘာကြီးမှာ အယုတ်မာဆုံးနဲ့အညစ်ပတ်ဆုံးလူတွေပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် တစ်ပတ်အတွင်း အပူဒါဏ်သင့် ဖျားနာလူနာ(၁၀၀)ထက်မနည်း ဆေးရုံပို့ပေးခဲ့ရဟုဆို
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
