ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဓာတ်အားထုတ်လုပ်မှု (၂၁၁)မဂ္ဂါဝပ်လျော့နည်းနေမည်
ပုလဲ (NSS) - အောက်တိုဘာ ၁၆
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ (၂၁၁)မဂ္ဂါဝပ် ထုတ်လုပ်မှု လျော့နည်းနေမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ယနေ့ (အောက်တိုဘာ ၁၆ရက်) တွင် အသိပေးထုတ်ပြန်ထားသည် ။
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ (Gas Partial Shutdown) ကို အောက်တိုဘာ (၁၆)ရက် မှ (၁၈)ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ခြင်း ကြောင့် ဓာတ်ငွေ့ ကုဗပေ ၉၂ သန်းမှ ကုဗပေ ၄၀ သန်း သို့ လျော့ချ ဆောင်ရွက်ရမည်ဖြစ်၍ ရန်ကုန်ဓာတ်အားပေးစက်များ ဖြစ်သော သာကေတ နှင့် လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများရှိ ဓာတ်ငွေ့စက်အချို့ ရပ်တန့်၍ စုစုပေါင်း (၂၁၁)မဂ္ဂါဝပ် ထုတ်လုပ်မှု လျော့နည်းနေမည်ဖြစ်ကြောင်းအသိပေးထားသည်။
ထို့အတူ ရေအားစက်များမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်၍ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ရန်ကုန်အဝင်ဓာတ်အားလိုင်းများ၏ ကန့်သတ်ချက် အချို့ကြောင့် ဓာတ်အားရရှိမှု အနည်းငယ်လျော့နည်းနေမည်ဖြစ်ပြီး ဝန်အားထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ ကရင်ပြည်နယ်အတွက် စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဟု KNU/KNLA-PC အတွင်းရေးမှူ(၁)ဗိုလ်မှူးချုပ်စောကျော်ညွန့် ပြော
RELATED POSTS
08 Nov 2026 | နည်းပညာ,နိုင်ငံတကာ
06 Nov 2026 | နည်းပညာ,နိုင်ငံတကာ
03 Nov 2026 | နည်းပညာ,နိုင်ငံတကာ
