Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်မှာ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လျိုဝှက်တွေ့ဆုံဟု ရိုက်တာသတင်းဌာနဆို


ဂျန်ဇက် (NSS)- အောက်တိုဘာ ၁၆

​အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့ဟာ လွန်ခဲ့တဲ့သီးတင်းပတ်က တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဲဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

၂၀၂၁ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရက လစ်လျူရှုထားခဲ့တဲ့မြန်မာခေါင်းဆောင်တွေနဲ့ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြန်လည် ထိတွေ့ဆက်ဆံလာတာလည်း ဖြစ်ပါတယ်။

အစောပိုင်းက စက်တင်ဘာလလယ်တုန်းက မြန်မာနိုင်ငံ မြို့တော် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာတော့ အမေရိကန် စီးပွားရေးသမားတစ်ဦး ပြန်လည်လွတ်မြောက်ရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်း တွေကို ပိတ်သိမ်းရေးတို့အပေါ် အဓိကထား ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့အဲ့ ဒီတွေ့ဆုံမှုတွေညဟာ မြန်မာနိုင်ငံရဲ့မြေရှားသတ္တုထွက်ရှိမှုအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေဆီ လမ်းခင်းပေးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုကို သိရှိတဲ့ သတင်းရင်းမြစ် (၃) ဦးက ရိုက်တာသို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပေမဲ့၊ လွန်ခဲ့တဲ့သီးတင်းပတ်က ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံး ဘာတွေအတိအကျ ဆွေးနွေးခဲ့ကြသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစည်းအဝေးရဲ့ ထိရှလွယ်တဲ့ သဘောသဘာဝကြောင့် အမေရိကန် အရာရှိတစ်ဦး အပါအဝင် အဆိုပါ သတင်းရင်းမြစ်တွေအားလုံးက အမည်မဖော်လိုကြပါဘူး။

တိုကျို ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ်ကပဲ ထပ်မံဦးဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်အရာရှိ (၁၀) ဦးထက်မနည်း ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။ 

မြန်မာဘက်ကတော့ မည်သူတွေ ကိုယ်စားပြု တက်ရောက်ခဲ့သလဲဆိုတာကို ရိုက်တာအနေနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပေမဲ့၊ အမေရိကန် အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံးနဲ့ ထိတွေ့ဆက်ဆံလေ့ရှိတယ်လို့ ပြောဆိုထားပါတယ်။ 

မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီးမေးလ်မှတစ်ဆင့် ထုတ်ပြန်ရာမှာ နှစ်ဖက်စလုံးနဲ့ "လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နေပါတယ်" လို့ ပြောကြားခဲ့ပေမဲ့ သီးခြား သံတမန်ရေးရာ ကူးလူးဆက်ဆံမှုတွေနဲ့ ပတ်သက်လို့တော့ မှတ်ချက်ပေးဖို့ ငြင်းဆန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နေပြည်တော်မှာ မိုက်ကယ် ဗန့်စ် နဲ့မြန်မာသမ္မတဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုဟာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေအတွက် လမ်းစပွင့်သွားစေခဲ့တာဖြစ်ကြောင်း ဒီတွေ့ဆုံမှုတွေကို သိရှိသူတွေက ရိုက်တာသို့ အစောပိုင်းက ပြောကြားခဲ့ကြပါတယ်။ 

တိုကျိုမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဆီ အမြန်ဆုံး ပြန်လာခဲ့ကြတာကို ကြည့်ရင် နှစ်ဖက်စလုံးဟာ တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းထားချင်ကြတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အမေရိကန်ဘက်က အဓိက တွန်းအားပေးနေတဲ့ အချက်တစ်ခုကတော့ အွန်လိုင်းလိမ်လည်ပြီး အမေရိကန်နိုင်ငံသားတွေထံကနေ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်လှည့်ဖြားနေတဲ့ ငွေလိမ်စခန်းတွေကို ပိတ်သိမ်းရာမှာ မြန်မာနိုင်ငံထံမှ အကူအညီရရှိရေးပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်နေပါတယ်လို့ ပြောဆိုထားပါတယ်။​

ဒါ့အပြင် အမေရိကန် အရာရှိတွေဟာ လျှပ်စစ်ကားတွေကနေ လေအားလျှပ်စစ် တာဘိုင်တွေအထိ ထုတ်ကုန်မျိုးစုံမှာ အသုံးပြုရတဲ့ မြန်မာနိုင်ငံရဲ့ အဓိက သတ္တုထုတ်လုပ်နိုင်တဲ့မြေရှားသတ္တု သိုက်ကြီးတွေကို ရရှိနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

 အမေရိကန် အရာရှိတွေဘက်ကတော့ ကြီးမားတဲ့ အခက်အခဲတွေ ရှိနေတာကို ဝန်ခံထားကြပါတယ် ။

အကြောင်းကတော့ ဒီသတ္တုသိုက် အများစုဟာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ရှိနေသလို၊ မြန်မာ့မြေရှားသတ္တုတွေကို အဓိက ဝယ်ယူနေတဲ့ တရုတ်နိုင်ငံကလည်း အမေရိကန် ပါဝင်လာတာကို မလိုလားဘဲ တားဆီးနိုင်တာ ကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သီးတင်းပတ်က အမေရိကန်ဟာ မြန်မာစစ်တပ်ကို ကူညီပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစီးပွားရေးသမားတစ်ဦးရဲ့ သမီးဖြစ်သူအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု (Sanctions) ကို ပယ်ဖျက်ပေးခဲ့ပြီး၊ အဲဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆောင်ရွက်မှု အသစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"ဒီချဉ်းကပ်မှုဟာ မြန်မာ့ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြနေသလို၊ နိုင်ငံအတွင်းမှာရှိတဲ့ မရှိမဖြစ် အကျိုးစီးပွားတွေကို မြှင့်တင်နိုင်ဖို့ အမေရိကန်က သမိုင်းအစဉ်အဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းစုံကို ပြန်လည်သုံးသပ်ဖို့ ကတိပြုထားတာလည်း ဖြစ်ပါတယ်" လို့ ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချပေးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး ထိတွေ့ဆက်ဆံမှုတွေဟာ ထရန့်အစိုးရအဖွဲ့အနေနဲ့ မြန်မာ့အရေးကို "အကျိုးအမြတ် သီးသန့်ကြည့်တဲ့ အမြင် နဲ့ ရှုမြင်နေတယ်ဆိုတာကို ပြသနေတယ်လို့ ဩစတြေးလျအခြေစိုက်Lowy Institute) ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ ဟန်းတား မားစတွန် (Hunter Marston) က ပြောပါတယ်။

​"မြန်မာနိုင်ငံမှာ ရှိနေတဲ့ အရေးပါတဲ့ သတ္တုတွေနဲ့ မြေရှားသတ္တုတွေကို အမေရိကန်က မြန်မာနိုင်ငံအတွင်းရှိ သူတို့ စိတ်ဝင်စားစရာ အဓိက မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုအဖြစ် ရှုမြင်နေတာ ဖြစ်နိုင်ပါတယ်" လို့ မားစတွန်က ဆိုပါတယ်။

အမေရိကန်-မြန်မာ ဆွေးနွေးပွဲတွေမှာ ဂျပန်အနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတာအပြင် အခြား မည်သည့် ပါဝင်ပတ်သက်မှုမျိုး ရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လကလည်း ဂျပန်မြို့တော် တိုကျိုမှာ မြန်မာအစိုးရနဲ့ အမေရိကန်ကြား အစောပိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ 

ဒါဟာ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ လှုပ်ရှားလာတဲ့ လက္ခဏာတွေ ရှိနေပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးယာယီတာဝန်ခံဟာ ယခုလဆန်းပိုင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံဆွေးနွေးမှုကလူသိရှင်ကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုဟာ ဂျပန်အာဏာရပါတီ လွှတ်တော်အမတ် ဟိရောမိချိ ဝါတာနာဘေ  စက်တင်ဘာလအတွင်း နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

အဆိုပါခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ဖို့နဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပြန်လည်ပေးအပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြန်မာအစိုးရပိုင်သတင်းစာက ဖော်ပြခဲ့ပါတယ်။

​ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယာယီသံရုံးတာဝန်ခံအနေနဲ့ဂျပန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေးနှင့် ဂျပန်ကုမ္ပဏီများကို ကူညီပေးရေးစတဲ့ကိစ္စရပ်များကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်တော်အမတ်ဝါတာနာဘေရဲ့ခရီးစဉ်မှာလည်း လွှတ်တော်အမတ် တစ်ဦးအနေဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရရဲ့သဘောထားကို "မည်သို့မျှ သက်ရောက်မှုမရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

​ဝါတာနာဘေကမူ ၎င်း၏ ခရီးစဉ်ဟာ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့.ပေမယ့်အခက်အခဲများစွာ ကျန်ရှိနေသေးကြောင်း ဝန်ခံခဲ့ပါတယ်။

ဂျပန်ဟာ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေး အပြောင်းလဲ ဖြစ်လာခဲ့ပြီးနောက်ပြစ်တင်ရှုတ်ချခဲ့ ပေမယ့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများလိုမျိုး မြန်မာအစိုးရအဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်တာမျိုး မရှိခဲ့ပါဘူး။

ဂျပန်အစိုးရဟာ အာရှရဲ့ နောက်ဆုံး နယ်စပ်ဈေးကွက်တစ်ခုမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန် ကြိုးပမ်းရင်း မြန်မာနိုင်ငံရဲ့အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲမှာ ပါဝင်ခဲ့ပါတယ်။

 နိုင်ငံရေး အပြောင်းလဲ ဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေအနောက်နိုင်ငံတွေရဲ့ကုမ္ပဏီအများအပြား ထွက်ခွာသွားခဲ့ပေမယ့် မတည်ငြိမ်မှုများကြားကနေဂျပန်ကုမ္ပဏီ အများအပြားဆက်လက်တည်ရှိနေခဲ့ကြပါတယ်။

ဂျပန်ကုန်သွယ်ရေး မြှင့်တင်ရေးအဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က ဂျပန်ကုမ္ပဏီ ၄၀၀ ကျော် ရှိခဲ့ရာကနေ လက်ရှိမှာ ဂျပန်ကုမ္ပဏီ ၃၀၀ နီးပါး ဆက်လက် လည်ပတ်နေဆဲ ဖြစ်ပါတယ်။

Ref;REUTERS

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လေပေါ်ပျံနိုင်သည့်ကားကို Tesla ကုမ္ပဏီ စတင်မိတ်ဆက်

RECENT POSTS
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ
09 Nov 2026
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရုရှားလွှတ်တင်
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved