မလေးရှားမှာ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၁၅.၇၂) သန်းအထိ ဆုံးရှုံးနိုင်ဖွယ်ရှိ
ရောင်နီ (NSS) - အောက်တိုဘာ ၁၆
မလေးရှားနိုင်ငံမှာဖြစ်ပွားနေတဲ့ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် စီးပွားရေး ဆုံးရှုံးမှုတစ်ရက်ကို မလေးရှားရင်းဂစ် သန်း (၂၀) မှ သန်း (၅၀) အထိ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အဲဒီဆုံးရှုံးမှုဟာ တစ်လကို ရင်းဂစ် သန်း (၆၀၀) မှ (၁.၅) ဘီလီယံအထိ ရှိလာနိုင်ပြီး ခရီးသွားလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွေကို အဓိက ထိခိုက်စေတယ်လို့ သိရပါတယ်။
Sunway တက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခယဲ့ကင်လန်းရဲ့ခန့်မှန်းချက်အရ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် မလေးရှားနိုင်ငံဟာ တစ်ရက်ကို ရင်းဂစ် သန်း (၂၀) မှ သန်း (၅၀) အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာအနည်းဆုံးအဖြစ် ခန့်မှန်းထားခြင်းသာဖြစ်ပြီး အမှန်တကယ် ဆုံးရှုံးမှုဟာ တစ်လကို မလေးရှားရင်းဂစ် သန်း (၆၀၀) မှ (၁.၅) ဘီလီယံအထိ ရှိလာနိုင်တယ်လို့ ၄င်းက ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ယခင်ကလည်း မီးခိုးမြူဖုံးလွှမ်းမှုကြောင့် စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ၁၉၉၇ ခုနှစ်က မီးခိုးမြူဖုံးလွှမ်းမှုကြောင့် ဆုံးရှုံးမှု ရင်းဂစ် သန်း (၈၀၀) ခန့်ရှိခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း မီးခိုးမြူကြောင့် ကျန်းမာရေးကုန်ကျစရိတ်နဲ့ဝင်ငွေဆုံးရှုံးမှုတွေ အပါအဝင် ရင်းဂစ် (၁.၅၇) ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဒါအပြင် ၂၀၁၉ ခုနှစ်က ဒေသတွင်း မီးခိုးမြူဖုံးလွှမ်းမှုကြောင့် ထိခိုက်ခဲ့တဲ့ နိုင်ငံတွေရဲ့စုစုပေါင်းဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ (၅.၂) ဘီလီယံခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားကျောင်းတွေမှာ (၆) လအတွင်း အနိုင်ကျင့်မှုဖြစ်စဉ် (၄,၀၀၀) ကျော် မှတ်တမ်းတင်ခဲ့
RELATED POSTS
09 Nov 2026 | စီးပွားရေး,ပြည်တွင်း
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
