Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Apple က AI စွမ်းရည်မြှင့် Siri ပါဝင်တဲ့ HomeView စမတ်အိမ်သုံးစနစ်ကို အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ မိတ်ဆက်

ရောင်နီ (NSS) - အောက်တိုဘာ ၁၆

              အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ ဉာဏ်ရည်တု (AI) စွမ်းရည်မြှင့်တင်ထားတဲ့ Siri အသံနဲ့ အမိန့်ပေးစနစ် ပါဝင်တဲ့ HomeView အမည်ရှိ စမတ်အိမ်သုံး စက်ပစ္စည်းအသစ်ကို အောက်တိုဘာ (၁၃) ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

                 iPad နဲ့ ဆင်တူတဲ့ အဆိုပါစက်ပစ္စည်းကို နံရံမှာ တပ်ဆင်အသုံးပြုနိုင်သလို စားပွဲပေါ်မှာလည်း တင်ထားနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား (၇) လက်မရှိပြီး အသုံးပြုသူရဲ့မျက်နှာကို မှတ်မိနိုင်တဲ့နည်းပညာပါဝင်ပါတယ်။ စတင်ရောင်းချမယ့်ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂၉၉ (စင်ကာပူဒေါ်လာ ၃၈၃ ခန့်) ဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ စတင်တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။ 


HomeView ကိုအသုံးပြုပြီး တံခါးခေါင်းလောင်းစနစ်၊ အပူချိန်ထိန်းကိရိယာနဲ့ စမတ်တံခါးသော့တွေကို ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါအပြင် အိမ်တွင်းဖျော်ဖြေရေး၊ ဗီဒီယိုခေါ်ဆိုမှုနဲ့ အိမ်လုံခြုံရေးစောင့်ကြည့်မှုတို့ကိုလည်း တစ်နေရာတည်းမှ စီမံခန့်ခွဲနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

            Apple အနေနဲ့ HomeView ကို မိတ်ဆက်ခြင်းဟာ စမတ်အိမ်သုံးပစ္စည်းဈေးကွက်မှာ Apple ရဲ့ အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်ဖို့ ကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ပါတယ်။ အဲဒီစျေးကွက်မှာ Amazon ရဲ့ Echo စပီကာတွေနဲ့ Ring တံခါးခေါင်းလောင်းစနစ်တွေ၊ Google  ရဲ့ Home စပီကာတွေနဲ့ Nest Hub စက်ပစ္စည်းတွေလို ပြိုင်ဘက်ထုတ်ကုန်တွေ ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ HomeView ဈေးနှုန်းဟာ Amazon Echo Show 8 ရဲ့ အမေရိကန်ဒေါ်လာ ၁၉၉.၉၉ တန်ဖိုးရှိ Google Nest Hub ထက် အမေရိကန်ဒေါ်လာ ၉၉.၉၉ ထက် ပိုမိုမြင့်မားနေတာကြောင့် လေ့လာသုံးသပ်သူတွေက Apple အနေနဲ့ HomeView ဟာ AI နည်းပညာကို အသုံးပြုခြင်းနဲ့ အသံအမိန့်ပေးမှုတွေထက် ပိုမိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပေးစွမ်းနိုင်ကြောင်း ပြသဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။


        Apple ဟာ စမတ်အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်ဖို့ Home App ကို ၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး HomePod စမတ်စပီကာကို ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ပစ္စည်း အမျိုးမျိုးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ရေး၊ Siri မှ အသုံးဝင်တဲ့အဖြေတွေ ပေးနိုင်ရေးတို့မှာ ကုမ္ပဏီအတွက် စိန်ခေါ်မှုတွေအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ Apple ဟာ HomeView အသစ်မှတစ်ဆင့် အိမ်တွင်းစက်ပစ္စည်းတွေကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်တဲ့ AI နည်းပညာအခြေပြုအတွေ့အကြုံကို ပေးအပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားမှာ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၁၅.၇၂) သန်းအထိ ဆုံးရှုံးနိုင်ဖွယ်ရှိ

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved