ပထမအိမ်ထောင်ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဂျက်လီ ငြင်းဆို
ရောင်နီ (NSS) - အောက်တိုဘာ ၁၆
တရုတ်နာမည်ကျော် သရုပ်ဆောင် ဂျက်လီ ဟာ ပထမဇနီးဖြစ်သူ ဟွမ်ချိုးယန် နဲ့ ၎င်းတို့ရဲ့သမီးနှစ်ဦးကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ကာလရှည်ကြာ ထွက်ပေါ်နေတဲ့ကောလာဟလတွေကို ငြင်းဆိုလိုက်ပါတယ်။
အသက် (၆၃) နှစ်အရွယ် မင်းသားကြီး ဂျက်လီက မကြာသေးမီက အွန်လိုင်းအစီအစဉ်တစ်ခုက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၁၉၈၇ ခုနှစ်က လက်ထပ်ခဲ့တဲ့ ပထမအိမ်ထောင် ဟွမ်ချိုးယန် နဲ့ ၁၉၉၀ ပြည့်နှစ်မှာ ကွာရှင်းခဲ့ရာမှာ နှစ်ဦးနှစ်ဖက်သဘောတူညီစွာနဲ့ အေးအေးချမ်းချမ်းသာလမ်းခွဲခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပထမအိမ်ထောင်စုကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုခဲ့ပြီး ကွာရှင်းချိန်မှာ မိမိအနေနဲ့ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ မယူဘဲ ထွက်ခွာခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ကွာရှင်းပြီးနောက် ဇနီးဟောင်းရဲ့ငွေကြေးအခြေအနေ လုံခြုံစေဖို့ ပိုင်ဆိုင်မှုတွေနဲ့ အိမ်ခြံမြေအားလုံးကို ဟွမ်ချိုးယန်ဆီ လွှဲပြောင်းပေးခဲ့ကာ သမီးနှစ်ဦးဖြစ်တဲ့ စီနဲ့ထိုင်မီတို့ ကြီးပြင်းလာရေးအတွက် ကုန်ကျစရိတ်တွေကိုလည်း တာဝန်ယူခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
အဲဒီနောက် လက်ရှိဇနီးဖြစ်သူ နီနာလီချီကိုလည်း မိသားစု သဟဇာတဖြစ်မှုကို ထိန်းသိမ်းပေးခဲ့သူအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး မိထွေးတစ်ဦးအနေနဲ့ ကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကို နားလည်သူဖြစ်ကာ အိမ်ထောင်နှစ်ဆက်ရဲ့ သမီးလေးဦးစလုံးကို တန်းတူညီမျှ ဆက်ဆံခဲ့တယ်လို့ ဂျက်လီက ချီးကျူးပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျက်လီဟာ ရုပ်ရှင်သရုပ်ဆောင်အလုပ်တွေအပြင် စာရေးသားခြင်းနဲ့ လူမှုကူညီရေးလုပ်ငန်းတွေမှာလည်း ပါဝင်လှုပ်ရှားလျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ် မေလက Beyond Life and Death: The Way of True Freedom အမည်ရှိ ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ ဘဝအမြင်တွေနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေခဲ့သလို အင်တာဗျူးတွေမှတစ်ဆင့်လည်း သူ့ရဲ့ဘဝအတွေ့အကြုံတွေကို မျှဝေလျက်ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Apple က AI စွမ်းရည်မြှင့် Siri ပါဝင်တဲ့ HomeView စမတ်အိမ်သုံးစနစ်ကို အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ မိတ်ဆက်
RELATED POSTS
08 Nov 2026 | အနုပညာ,ပြည်တွင်း
07 Nov 2026 | အနုပညာ,နိုင်ငံတကာ
07 Nov 2026 | အနုပညာ,နိုင်ငံတကာ
06 Nov 2026 | အနုပညာ,နိုင်ငံတကာ
