(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၁၀
(၂၀၂၆) ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို တောင်အာဖရိကနိုင်ငံဖွား တရားသူကြီးဟောင်း နာဗာနီသမ် နာဗီပီလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်းသိရသည်။ ၎င်းသည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။
လက်ရှိတွင်လည်း ကုလသမဂ္ဂ၏ အခြား တရားစီရင်ရေးအဖွဲ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နှင့် ဆက်စပ်သော တာဝန်များကို ဆက်လက်ထမ်းဆောင်နေသူဖြစ်သည်။ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီ က ပီလေးအား “ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများအတွက်” ဆုချီးမြှင့်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ အသက် (၈၅) နှစ်အရွယ် ရှိပြီဖြစ်သော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဟောင်း ပီလေးသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည့် အတွက် အသိအမှတ်ပြုခံရခြင်း ဖြစ်ကြောင်း နော်ဝေနိုင်ငံအခြေစိုက် နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ယော်ဂန် ဝတ်နေး ဖရိုက်နက်စ်က ပြောကြားခဲ့သည်။

“ ပီလေးကို နိုဘယ်ဆုရွေးချယ်ပေးခဲ့တာ က နိုင်ငံတကာတရားရေးစနစ်နဲ့ အဖွဲ့အစည်းတွေကို အားနည်းအောင် လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ သတင်းစကားတစ်ရပ် ဖြစ်ပါတယ်” ဟု ဖရိုက်နက်စ်က ပြောသည်။ ထို့ပြင် နိုင်ငံ တကာဥပဒေစနစ်သည် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရပြီး အဆိုပါ စနစ်ကိုအကောင်အထည်ဖော်ဆောင် ရွက်သည့် အဖွဲ့အစည်းများလည်း တိုက်ခိုက်မှုများနှင့် ရင်ဆိုင် နေရကြောင်း ၎င်းကပြောကြားခဲ့သည်။ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီ၏ သုံးသပ်ချက်အရ ကမ္ဘာကြီးသည် ဥပဒေမူဘောင်များနှင့် ဥပဒေ၊ တရားမျှတမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ လေးစားလိုက်နာမှုတို့ကို အလေးထားခြင်းထက် အင်အားကြီးနိုင်ငံများ၏ အာဏာ အခြေပြုနိုင်ငံရေးကို ပိုမိုဦးစားပေးလာသည့် ဦးတည်ချက်ဘက်သို့ ရွေ့လျား နေကြောင်းလည်း ၎င်းကထောက်ပြခဲ့သည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် ပြီးခဲ့သည့်တစ်နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရ အဖွဲ့ထံမှ ပြင်းထန်သော ဝေဖန်မှုများနှင့် ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ ခုံရုံးက (၂၀၂၄) ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်က ခုံရုံးအပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့သည်။
သမ္မတထရမ့်က ICC ၏ လုပ်ဆောင်ချက်များကို “အမေရိကန်နှင့် ကျွန်ုပ်တို့၏ နီးကပ်သော မဟာမိတ်ဖြစ် သည့် အစ္စရေးကို ပစ်မှတ်ထားသည့် တရားဝင်မှုမရှိသော၊ အခြေအမြစ်မရှိသော လုပ်ရပ်များ” ဟု စွပ်စွဲပြောဆိုခဲ့သည်။ ICC ကလည်း ၎င်း၏ ဝန်ထမ်းများအပေါ် အမေရိကန်က ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့သည်။ အမေရိကန်အစိုးရ၏အဆိုပါပိတ်ဆို့မှုများသည် ခုံရုံး၏ လွတ်လပ်ပြီး ဘက်မလိုက်သော တရားစီရင်ရေး လုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ICC အဖွဲ့က ပြော ကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
