အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
Pika (NSS) - အောက်တိုဘာလ ၁၁
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် လူ(၁၃)ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ပြစ်မှု ထင်ရှားစီရင်ခံထားရသည့် အမေရိကန်စစ်တပ်မှ စိတ်ရောဂါအထူးကု ဆရာဝန်ဟောင်း တစ်ဦးကိုကွပ်မျက် မည့်အစီ အစဉ်ကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ရေးဝန်ကြီး ပီတီဟတ်ဆတ်က ထုတ်ပြန် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ကွပ်မျက်မှုကို တိုက်ရိုက်ထုတ် လွှင့်ပြသမည့်ရည်ရွယ်ချက်မှာ ရာဇဝတ်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို အမေရိကန်ပြည် သူများ မြင်တွေ့သိရှိသင့်သည်ဟု ယူဆသောကြောင့် ဖြစ်ကြောင်း ပီတီဟတ် ဆတ်က ပြောကြားခဲ့သည်။
(၂၀ဝ၉)ခုနှစ်က Fort Hood စစ်အခြေ စိုက်စခန်းတွင် လူအများအပြားကို သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်ခဲ့မှု ကြောင့် သေဒဏ်ချမှတ်ခံထားရသည့် စစ်တပ်မှဗိုလ်မှူးဟောင်း နီဒယ်လ်မာလစ်ခ်ဟာ ဆန်ကို လာမည့်ဒီဇင်ဘာလ(၃) ရက်တွင် စစ်ဘက်ဆိုင်ရာ သေနတ်ပစ်ကွပ်မျက်ရေးအဖွဲ့ဖြင့် ကွပ်မျက် ပစ်ရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ ကွပ်မျက်မှုသည် နှစ်ပေါင်း(၆၀)ကျော်အတွင်း အမေရိကန်စစ် တပ်က ပထမဆုံးအကြိမ်ပြုလုပ်မည့် ကွပ်မျက်မှုဖြစ် လာမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်တပ်၏သေနတ်ပစ်ကွပ်မျက်ရေးအဖွဲ့ဖြင့်ပြုလုပ်မည့် ပထမဆုံးသော ကွပ်မျက်မှုလည်း ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် နီဒယ်လ်မာလစ်ခ်ဟာဆန်ကို ၎င်းကိုယ်တိုင် အစု လိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် Fort Hood စစ်အခြေစိုက်စခန်းတွင်ပင် ကွပ်မျက်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

ပီတီဟတ်ဆတ်က “နီဒယ်လ်မာလစ်ခ်ဟာ ဆန်ကို သေနတ်ပစ်ကွပ်မျက်ရေးအဖွဲ့နဲ့ပဲ ကွပ်မျက်သွားမှာဖြစ်ပြီး ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့လုပ်ရပ်တစ် ခုလည်းဖြစ်ပါတယ်။ ပြည်သူတွေအားလုံးက ဒီကွပ် မျက်မှုကိုကြည့်ရှုနိုင်စေဖို့ လူသိရှင်ကြားဖြစ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီလိုမျိုးလုပ်ရပ်တွေအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေရှိတယ်ဆိုတာကို လူတွေ နားလည် သဘောပေါက်ဖို့လိုအပ်လို့ပဲဖြစ်ပါတယ်”ဟုပြောဆို ခဲ့သည်။
နီဒယ်လ်မာလစ်ခ်ဟာဆန်၏ကွပ်မျက်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြသွားမည်ဖြစ်သလို နောက်ထပ် အသေးစိတ် အချက်အလက်များကိုလည်း ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ရေး ဝန်ကြီးဌာနကပြောကြား ခဲ့သည်။ အမေရိကန်နိုင်ငံဖွား မွတ်စလင်တစ်ဦးဖြစ်ပြီး စစ်တပ်မှ စိတ်ရောဂါအ ထူးကုဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ နီဒယ်လ်မာ လစ်ခ်ဟာဆန်သည် (၂၀၁၉)ခုနှစ် နိုဝင်ဘာလ (၅) ရက်တွင် Fort Hood စစ်အခြေစိုက်စခန်း၌ သေ နတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူ(၁၃)ဦးသေဆုံးကာ အခြားလူ(၃၂)ဦး ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် အချိန်အတွင်း နီဒယ်လ်မာလစ်ခ်ဟာဆန်က Allahu akbar (ဘုရားသခင်က ကြီးမြတ်တော်မူ၏)ဆို သည့်စကားလုံးကို အော်ဟစ်ပြောဆိုနေခဲ့ကြောင်း လည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
