အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
Pika (NSS) - အောက်တိုဘာလ ၁၁
ယခုနှစ် အာရှဘော်လီဘောချန်ပီယံရှစ် ပြိုင်ပွဲတွင် ကာတာအသင်းသည် အကောင်းဆုံးစွမ်း ဆောင်ရည်များကို မပြသနိုင်ခဲ့သော်လည်း ထူးခြားထင်ရှားသည့်ကစားသမားတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကစားသမားမှာ ပြိုင်ပွဲတစ်လျှောက် အမှတ်အများဆုံး ရယူနိုင်သူများထဲမှ တစ်ဦးဖြစ်သည့် အသက်(၁၃)နှစ်အရွယ် Mub- arak Musa Thiik Madut ဖြစ်ပြီး ပွဲစဉ်(၃)ပွဲ တွင် စုစုပေါင်း အမှတ်(၄၀)ရယူနိုင်ခဲ့ကြောင်းသိရသည်။
Mubarak Musa Thiik Madut သည် အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်မှာ(၆)ပေနှင့်(၁၁)လက်မ ရှိပြီး ကာတာဘော်လီဘောအသင်းတွင် အရပ်အမြင့်ဆုံးကစားသမားဖြစ်သလို နှစ်ပေါင်းများစွာအတွေ့အကြုံရှိသည့် ကျွမ်းကျင်ကစား သမားကဲ့သို့လည်း ကစားနိုင်စွမ်းရှိကြောင်းသိရသည်။

တရားဝင်ကစားသမား အချက်အလက်စာ မျက်နှာတွင် Mubarak Musa Thiik Madut ကို (၂၀၁၂)ခုနှစ် နိုဝင်ဘာလ(၂၄)ရက်တွင် တောင် ဆူဒန်နိုင်ငံ၌မွေးဖွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကာတာနိုင်ငံသားအဖြစ်ခံယူခဲ့ကာ တရားဝင်ပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။ Mubarak Musa Thiik Madut သည် ကာတာအမျိုးသားဘော်လီဘောအသင်းအတွက် ကစားပေးခြင်းအပြင် အာရှ U18 ကမ်းခြေ ဘော်လီဘောချန်ပီယံ ရှစ်ပြိုင်ပွဲတွင်လည်း ကြေးဆု တံဆိပ်ရရှိခဲ့ပြီး ၎င်း၏အသက်အရွယ်က (၁၃)နှစ်ဆို သည်ကို မယုံကြည်နိုင်ဖြစ်ကြသည် အထိ ဖြစ်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် ဆယ်ကျော်သက်အများစု တွင် ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းမှာ အဆင်မပြေမှုများရှိ တတ်သော်လည်း Mubarak Musa Thiik Madut က ၎င်း၏ဘဝတစ်လျှောက်လုံး ဘော်လီဘော ကစားလာခဲ့သူ တစ်ဦးကဲ့သို့ဖြစ်နေခြင်းမျိုးလည်းဖြစ် ကြောင်းသိရသည်။
အာဖရိကတွင်မွေးဖွားသူများ၏ခုနှစ်ကို မှတ်တမ်းတင်ထားခြင်းမရှိသည့်ဖြစ်ရပ်များ မကြာ ခဏဖြစ်ပွားတတ် သည့်အတွက် Mubarak Musa Thiik Madut သည်လည်း မွေးသည့်ခုနှစ်ကိုသတ် မှတ်ပေးခံခဲ့ရခြင်းကြောင့် အသက် (၁၃)နှစ် ဖြစ်နေနိုင်ခြင်းဖြစ်ကြောင်း အချို့က ခန့်မှန်းပြောဆိုထားကြသည်။ သို့သော်လည်း ကာတာဘော်လီ ဘောအဖွဲ့ ချုပ်က Mubarak Musa Thiik Madut ၏ အသက်နှင့်ပတ်သက်ပြီး ခန့်မှန်းပြောဆိုနေကြမှုများကို ပြန်လည်ဖြေရှင်း ခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
RELATED POSTS
04 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,နိုင်ငံတကာ
03 Nov 2026 | အားကစား,ပြည်တွင်း
