Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ

သုတကျော် (NSS) - အောက်တိုဘာလ ၁၁

အာဆီယံတွင် မြန်မာက မူလနေရာပြန် ရောက်လာနိုင်ပြီး တစ်ဖက်တွင် မဟာဗျူဟာဟန်ချက်ညီရေး အစိုးရ ကြိုးပမ်းမှု အောင်မြင်စပြုနေပြီဖြစ်ကြောင်း  NP News က ဆက်သွယ်မေး မြန်းထားသောအချက်အလက်များအရ သိရ သည်။ 

မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာဝေဖန်မှုများရှိခဲ့သည့် မလေးရှားနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သွားရောက်ခဲ့ရာ သိသာမြင် သာသောအောင်မြင်မှုများ ရရှိခဲ့သည်။ 

ပို၍ သိသာထင်ရှားသောအချက်မှာ မလေးရှားဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အပေါ် ဖက်လဲတကင်းရှိခဲ့ခြင်းဖြစ်ပြီး အာ ဆီယံတွင် မြန်မာအပြည့်အဝပါဝင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်းပင် ပြောခဲ့သည်။  


“သွားမယ်လို့ပြင်ဆင်တဲ့အချိန်မှာ စိုးရိမ် ပူပန်စိတ်တော့မဟုတ်ဘူးရှင့်။ Curious feeling လေးပေါ့နော်။ ဪ ဘယ်လိုမျိုးကြုံတွေ့ရမလဲ၊ ဘာတွေများဆွေးနွေးကြမလဲဆိုတဲ့ Feeling လေးရှိတယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ခရီးစဉ်အပြီး အင်တာဗျူးတွင် ပြောကြားခြင်းကိုကြည့်ခြင်းအားဖြင့် မျှော်လင့်ထား သည်ထက်ပိုမိုသောအခြေအနေမျိုးရခဲ့ကြောင်း တွေ့ မြင်နိုင်သည်။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများအနက် မလေးရှားနိုင်ငံအပါ နိုင်ငံ (၅)နိုင်ငံသို့သွားရောက်ခဲ့ပြီးသည့် အနက် မလေးရှားသည် အာဆီယံတွင် ဦးမင်းအောင်လှိုင် ပထမဆုံးသွားရောက်ခဲ့သည့် ပင်လယ်ပိုင်း နိုင်ငံဖြစ်သည်။ 

အာဆီယံတွင် ကုန်းမကြီးပိုင်းနိုင်ငံများအဖြစ် မြန်မာအပါအဝင်(၅)နိုင်ငံနှင့် တီမောလက်စ်တေ ကိုပါထည့် တွက်လျှင် ပင်လယ်ပိုင်းနိုင်ငံ (၆)နိုင်ငံရှိ သည့်အနက် ကုန်းမကြီးပိုင်းနိုင်ငံအားလုံးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ထားပြီး ဖြစ်သည်။ 

“ကျွန်မတို့ကို ဖိတ်ကြားမှုမပြုသေးတဲ့ အာဆီယံနိုင်ငံတွေအတွက် ဘယ်လိုအထောက်အကူ ပြုသလဲဆိုတော့ ဝန်ကြီးချုပ်နဲ့ဆွေးနွေးစဉ်မှာပဲ Press release မှာ ဝန်ကြီးချုပ်ကပြောပါတယ်။ ကျွန်မတို့ သမ္မတကြီးက အာဆီယံ နိုင်ငံတွေမှာ သွားခဲ့တယ်၊ ထိတွေ့ဆက်ဆံမှုတွေလုပ်ခဲ့တယ်။ အဲဒီတော့ တခြား နိုင်ငံက အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံက ဖိတ်ဖို့ရှိပါ တယ်ဆိုတဲ့ Information လေးကို Share လုပ်လိုက်ပါတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက အင်တာဗျူးတွင် ပြောထားသည်။ 

လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ခေါင်းဆောင်အဆင့်အထိတက် ရောက်သောအခြေ အနေမျိုး ရှိလာနိုင်ကြောင်း ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ 


“(လာမယ့် အာဆီယံထိပ်သီးအစည်း အဝေးမှာ မြန်မာကိုဖိတ်ဖို့ဆိုတာက)ဖြစ်တာပေါ့။ ကုန်းတွင်း (၅)နိုင်ငံရယ်၊ Maritime က ခုနကပြောတဲ့ မလေးရယ်၊ အင်ဒိုနီးရှားရယ်၊ ဘရူနိုင်းရယ်။ အာဆီယံက (၁၁)နိုင်ငံလို့ပြောတာကိုး။ ကျန်တဲ့ဥစ္စာတွေက စင်ကာပူဆိုတာက သူ့ဟာနဲ့သူလည်း အာဏာရှင် မဟုတ်ဘူးသာပြောတာပါ။ တစ်ပါတီဖြစ်နေတာ တော်တော်ကြာပါပြီ။ ကျန်တဲ့ဖိလစ်ပိုင်တို့ ဘာတို့ကလည်း သူ့မှာပြဿနာလေးတွေပေါ့ ဒုတိယသမ္မတနဲ့ ဖြစ်နေတာ ရယ်၊ မားကို့စ်ရဲ့ လာမယ့်ကာလအနေအထားရယ် ပွင့်ပွင့်လင်းလင်းပြောရရင် သူ့မှာလည်း သူ့ပြဿနာနဲ့သူဗျ။ အာဆီယံ က အားကောင်းမောင်း သန် အားလုံးပါဝင်တယ်ဆိုတဲ့ဘက်နဲ့ ချဉ်းကပ်ဖို့များတယ်”ဟု ၎င်းကဆိုသည်။ 

အာဆီယံတွင် မြန်မာနိုင်ငံအနေဖြင့် အစိုးရချင်းချိတ်ဆက်မှုအပြင် လွှတ်တော်ချင်းချိတ်ဆက်မှုလည်း မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်လာနိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။ 

တစ်ဖက်တွင် အမေရိကန်က မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံမှုရှိလာနေကြောင်း ရိုက်တာ သတင်းဌာနက ရေးသားခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ လလယ်ပိုင်းတွင် အမေရိကန်လေယာဉ်တစ်စင်း နေပြည်တော်သို့ ရောက်ရှိခဲ့ သည်။ 

မြန်မာနှင့်အမေရိကန်ဆွေးနွေးရာတွင် အမေရိကန်ဘက်က ထောက်လှမ်းရေးနှင့်သုတေသနဌာန လက် ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ်ကဦးဆောင်ခြင်းဖြစ်ပြီး (၂၀၂၁)ခုနှစ်နောက် ပိုင်း သိသာထင်ရှားသော ပြောင်းလဲမှုလည်းဖြစ်သည်။ 


“အခုပြန်ကြည့်ရင် အမျိုးသားအကျိုးစီး ပွားဆိုတဲ့ဘက်နဲ့ ကမ္ဘာတစ်ခုလုံးသွားနေကြတာကိုး။ အမေရိကန်ထရမ့် ဆိုတာကလည်း လက်ယာယိမ်း တယ်ပြောရမယ်။ အီတလီလည်း လက်ယာယိမ်းတာပဲ။ ကနေဒါပြန်ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ ကမ္ဘာကြီးတစ်ခုလုံးကတော့ဖြင့် သူရဲ့ရပ်တည်ချက်တွေက ဘယ်လိုပြောမလဲ လစ်ဘရယ်ထက်ကို အသေးစိတ် ဆန်လာတာပေါ့။ လစ်ဘရယ်ဒီမိုကရေစီဘက်က ဒုက္ခသည်ပြဿနာနဲ့ သူ့အိမ်တွင်းမလုံခြုံမှုကို အင်္ဂ လန်သည်ပင် ခံစားနေရတာကိုး။ ဘယ်လိုပဲပြောပြောပါ။ ကမ္ဘာကြီးပုံစံက ပြောင်းလာနိုင်တယ်”ဟု ဒေါက်တာ အေး မောင်ကပြောသည်။ 

အနောက်အုပ်စုတွင် လက်ယာယိမ်းသည့် ဘက်အားကောင်းလာပြီး မြန်မာနိုင်ငံသည်လည်း အမျိုးသား အကျိုး စီးပွားနှင့် လက်ယာယိမ်းမှု များပြားကြောင်း ၎င်းကပြောသည်။ 

“မြန်မာက လက်ယာယိမ်းတဲ့ဘက်ပါ။ အစိုးရလည်း ဒီအတိုင်းပဲ။ အမျိုးသားအကျိုးစီးပွား သည်အဓိက။ အမေရိကန်နဲ့မြန်မာက ထရမ့်လက် ထက်မှာတူကြတာကိုးဗျ။ အီတလီလည်း ဒီအတိုင်းပဲ။ ရုရှားလည်း ဒီအတိုင်းပဲ။ တူကြတော့ သံခင်းတမန်ခင်း ဆက်သွယ်မှုက ဘိုင်ဒင်တို့လက်ထက်ထက် ပိုအားကောင်းမယ်ထင်တယ်။ နောက် အရေးကြီးသတ္တုတွေ ကိစ္စလည်းရှိတာကိုး။ Online Scam ကိစ္စလည်းရှိတော့ မြန်မာနဲ့ဆက်သွယ်မှ ကိုယ့်နိုင်ငံ အကျိုး စီးပွားကို ကာကွယ်၊ တားဆီ၊ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သဘောနဲ့ချဉ်းကပ်ကြတဲ့သဘောဖြစ်မယ်”ဟု ၎င်း ကဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် မဟာဗျူဟာရေးရာ ဟန်ချက် ညီမှုရရှိရန်ကြိုး ပမ်းနေသောအခြေအနေဖြစ်ကြောင်း ပြည်ပဆက်ဆံရေးနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိ သူသတင်းရင်းမြစ်တစ်ဦး ကဆိုသည်။ 

“မြင်ကွင်းက ဘယ်လိုလဲဆိုတော့ မြင်ရတဲ့အနေအထားအရ တရုတ်၊ ရုရှားတို့နဲ့ မဟာဗျူဟာ ရေးရာမိတ် ဖက်ဆက်ဆံရေးကို ခိုင်မာအောင်ကြိုးပမ်းနေပြီး တစ်ဖက်မှာ အမေရိကန်နဲ့အနောက်အုပ်စုကို ဆက်ဆံရေးပြန် ကောင်းအောင် ကြိုးပမ်းနေတာပေါ့။ ဟန်ချက်ညီအောင်လုပ်ဖို့ဆိုတာ ပြောပေမယ့် ထင်သလောက်တော့ မလွယ်ဘူး ပေါ့။ မြန်မာအစိုးရက ဘယ်လိုကိုင်တွယ်မလဲကြည့်ရမယ်။ ဒါပေမဲ့ သေချာတာကတော့ မဟာဗျူဟာရေးရာ ဟန်ချက် ညီရေး ကြိုးပမ်းမှုက အောင်မြင်တယ်လို့ဆိုနိုင်တယ်။ ဒီကာလမှာ နည်းနည်လေးတိုးတက်ရင်တောင်မှ ဒါဟာ အောင်မြင်မှုလို့ သတ်မှတ်ရမယ့်အချိန်မှာ အခုလိုဖြစ်လာတာဟာ ကောင်းမွန်တဲ့အရွေ့တစ်ခုလို့ သုံးသပ်နိုင်တယ်။ အောင်မြင်စပြုလာနေတယ်လို့ အကောင်းဘက်က မြင်ရမယ်”ဟု ၎င်းကဆိုသည်။ 

သို့သော် ယင်းသို့ ဟန်ချက်ညီရေးဆောင် ရွက်ရာတွင် မည်သည့်ပမာဏအထိ ဟန်ချက်ညီစေ မည်နည်းဆို သောအချက်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ရှင်းပါတယ်။ အမေရိကန်က မြေရှားလို ချင်တယ်။ အွန်လိုင်းလိမ်လည်မှုကို နှိမ်နင်းချင်တယ်။ တစ်ဖက်က တရုတ်ဘက်ကျတော့လည်း မြန်မာကို မဟာဗျူဟာကျတဲ့အိမ်နီးချင်းလို့ သဘောထားတယ်။ ဒီအပေါ်မှာ နှစ်ဖက်က ချိန်ခွင်လျှာလိုတော့ ရှိနေနိုင် မယ်မဟုတ်ဘူး။ ဆိုတော့ အကျိုးစီးပွားအတွက် ဘယ်လောက်လက်တွေ့ကျကျ အလုပ် လုပ်လို့ ရနိုင်မလဲဆိုတဲ့အပေါ်မှာ စကားပြောသွားလိမ့်မယ်။ သေချာ တာက အမေရိကန် - မြန်မာ ဆက်ဆံရေးဆိုတာက ချက်ချင်းသီးလာမယ့်အသီးတော့မဟုတ်ဘူး။ အမေရိကန်ဘက်မှာလည်း အတားအဆီးတွေရှိနေတယ်” ဟု ၎င်းက ပြောသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved