ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၁ဝ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း လမ်းမတော်မြို့နယ်သည် နောက်ဖေးလမ်ကြား အားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာကြောင်း အဆိုပါမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးညီညီသွယ်က NP News သို့ပြောသည်။
“ဒီ စည်ပင်နယ်နိမိတ်ထဲမှာရှိတဲ့ မြို့နယ်တွေထဲမှာမှ တစ်မြို့နယ်လုံးရဲ့လမ်းကြားတွေအကုန်လုံးကို အပြောင် ရှင်းနိုင်တာ လမ်းမတော်တစ်မြို့နယ်ပဲရှိသေးတယ်။ တစ်မြို့နယ်လုံးကို ရှင်းနိုင်တာဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြောရင်တော့ ကျွန်တော်ကိုယ်တိုင် လမ်းကြားထဲတွေကို တောက်လျှောက် စစ်တာ။ မကြိုက်ရင် အကုန်လုံး ပြန်လှဲပေါ့။ တချို့တွေကတော့ ကျွန်တော့်ကို တောင်းပန်သွားတယ်၊ ဟို ကိုယ်စားလှယ်တော်ကြီးရေ၊ ညနေ မိုးချုပ်သွားလို့၊ ကားမရှိတော့လို့ အမှိုက်ထုပ်တွေ ထားခဲ့ပါရစေ ဆိုတာလေး၊ အဲဒါလေးတွေ နောက်နေ့ ပြန်သိမ်းပေးမယ် လို့ ပြောထားတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ရှင်းလင်းရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းပေးခဲ့သော လမ်းကြားများ လည်း ရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဒီမှာက ဒီ ကျွန်တော်တို့ ဒီ မြို့နယ်ကျွန်တော်တို့ ကော်မတီဝင်လေးတွေ ရှိတယ်။ မြို့နယ်ကော်မတီ ဝင်လေးတွေကနေပြီးတော့ သူတို့ဘာသူတို့ အားစိုက်ပြီး ရှင်းခဲ့တဲ့ လမ်းကြားတွေကလည်း ရှိတယ်။ နဂိုတည်းကလည်း ရှင်းနေတဲ့လမ်းကြားလေးတွေလည်း ရှိတယ်။ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က စည်ပင်သာယာနဲ့ ပထမမြို့တော်ဝန်ကြီးကနေပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန ကနေပြီးတော့ လမ်းကြား (၂၂) ခုကို သန့်ရှင်းရေးလုပ်မယ် ဆိုတော့ သူတို့ လာပြောတဲ့အခါကျတော့ ကျွန်တော်တို့မှာ လုပ်ပြီးသား လမ်းကြားတွေ ရှိတယ်။ ဒါပေမဲ့ တစ်မြို့နယ်လုံး မဟုတ်ဘူးပေါ့ဗျာ။ အဲ ကျွန်တော်တို့ လမ်းကြားတချို့ ပေါ့၊ သုံးလေးခုလောက် ပေါ့နော်၊ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ နောက်ဖေးလမ်းကြား ရှင်းလင်းရေး ဆောင်ရွက်ရာတွင် တစ်နေ့တည်း နှင့် ပြီးစီးသွားခဲ့ကြောင်း ဦးညီညီသွယ် က ပြောသည်။
“အဲဒီ (၂၂) ကြားကို သူတို့က ဒီ လမ်းကြားတွေကတော့ ကျွန်တော်တို့ လမ်းကြားတွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ လုံးဝ ဟို အဆိုးဆုံး ဝက်ဝက်ကွဲကြီး ညစ်ပတ်ပြီးတော့ အမှိုက်တွေ ပုံနေတာ မရှိဘူး။ မရှိတဲ့အခါကျ တော့ မြေပြင်မှာလည်း ကျွန်တော်က အမြဲတမ်းသွားလာပြီးတော့ ဒီဟာ လိုအပ်တာတွေ အမြဲတမ်းဆောင်ရွက် နေတာဖြစ်တယ်ဆိုတော့ ဒီသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ ကျွန်တော်တို့ ဒီမြို့နယ် ကော်မတီဝင် တွေကရော အမြဲတမ်း ကျွန်တော်က စည်းရုံးပြီးတော့ ဒီဟာလေးတွေကို တတ်နိုင်သလောက် ကျွန်တော်တို့က ဒီ ရှင်းထားတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ယင်းသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် လမ်းကြား ၂၂ ကြားလုံးကို တစ်ရက်တည်းဖြင့် အပြီးရှင်းလင်းခဲ့ပြီး လမ်းတိုများနှင့် အချို့အခြေအနေကြောင့် မပါဝင်နိုင်သည့် နေရာများရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ လမ်းမတော်မှာ ရှိတဲ့ လမ်းကြား ၂၂ ကြားလုံး အကုန်ရှင်းတယ်။ ၂၂ ကြားလုံးဆိုတာ ဒီ ကျွန်တော်တို့ လမ်းတိုလေးတွေက လွဲရင်ပေါ့။ လမ်းတိုလေးတွေကတော့ သူ့ဟာသူ တချို့ဟာလေးတွေ ရှင်းဖို့ မမီဘူးဗျ၊ အဲဒီလိုမျိုးတွေမှာ။ အနော်ရထာလမ်းဘက်မှာ၊ အနော်ရထာလမ်း အထက်၊ ကျုံးကြီးမြောင်းဘက်မှာ အတိုလေးတွေ ရှိတယ်။ အဲဒါတွေကျတော့လည်း ဟို ဘယ်လိုခေါ်မလဲ၊ တချို့ဟာတွေ ရှိတဲ့ကြား ရှိတယ်၊ မရှိတဲ့ကြား ရှိတယ်ဗျ။ ကွန်ဒိုတွေ ဆောက်တာတွေ မရှိတဲ့ကြားတွေ ရှိတယ်။ အဲ့ဒါတွေကျတော့ မပါဘူး။ မပါဘဲနဲ့ ကျွန်တော်တို့ (၁) ကနေပြီးတော့ (၁၆) လမ်းထိဆိုတော့ လမ်းမတော်လမ်းကြားအထိ အားလုံးတော့ လမ်းကြား ပေါင်း (၂၂) ကြားတော့ ကျွန်တော်တို့ ရှင်းရှင်းပြောရင်တော့ ထပ်ပြီးတော့ လုပ်လိုက်တဲ့သဘောမျိုးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
နောက်ဖေးလမ်းကြားတွင် လမ်းကြားဥယျာဉ်တစ်ခု ဖော်ဆောင်ရန် စီစဉ်ထားပြီး စံပြလမ်းကြားဥယျာဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထား ကြောင်းသိရသည်။
“နဂိုတည်းကနေပြီးတော့ ကျွန်တော်တို့နောက်ဖေး လမ်းကြားဥယျာဉ် ပေါ့နော်။ စံပြ လမ်းကြားဥယျာဉ် ဆိုပြီးတော့ ကျွန်တော်တို့ စီစဉ်ထားတာ ရှိပါတယ်။ ဒီပေါ်မှာလည်း ကျွန်တော်တို့ ကြက်တောင်ကွင်းလေးတွေ၊ အဲ့ဒါက တချို့က ကျွန်တော်က အခုဆိုလို့ရှိရင် ကျွန်တော်တို့ မဲဆွယ်ကာလမှာလည်း ကျွန်တော်တို့ ဒီ လမ်းကြားမှာ ပိုက်ကျော်ခြင်းကွင်းလေးတွေကို ကျွန်တော်တို့အရင်တည်းက လုပ်ခဲ့တာ ရှိပါတယ်ဗျ။ အခုကတော့ အဲဒီ ပိုက်ကျော်ခြင်းကွင်းလေးကတော့ ဘေးအိမ်က ဖျက်လိုက်လို့လား အဲဒီ ပိုက်ကျော်ခြင်းကွင်းက ပျက်သွားတယ် နော်။ ပျက်တာတော့ ကျွန်တော်တို့ ပိုက်ကျော်ခြင်းကွင်းတွေ နဂိုတည်းက လုပ်ခဲ့တာရှိတယ်” ဟု ဦးညီညီသွယ်က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
