ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၁ဝ
ကရင်ပြည်နယ် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း ကို အကောင်အထည်ဖော်ရန်စူးစမ်း လေ့လာရာ တမံအောက်ထုံးကျောက်လေ့လာတွေရှိကြောင်း ယမန်နေ့ (အောက်တိုဘာ ၉ ရက်) က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောသည်။

ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) စောမြတ်ထွဋ်ဝင်း (ခ) ကိုဆွိက လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ်ကြား သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းချက်နှင့်စပ်လျဉ်း မေးမြန်းရာတွင် ပြန်လည်ဖြေကြားရာ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာစဉ် တမံအောက်ခြေ၌ ထုံးကျောက်လိုဏ်များ တွေ့ရှိရသဖြင့် ထုံးကျောက်လိုဏ် (Karst) စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီးမှသာ စီမံကိန်းကုန်ကျစရိတ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း (၂၀၁၃) ခုနှစ်တွင် ကုမ္ပဏီများက တင်ပြခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
(၂၀၁၄) ခုနှစ် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာတင်ပြပြီးနောက်ပိုင်း ကုမ္ပဏီများဘက်မှ ဌာနသို့ သီးခြားဆက်သွယ်ဆောင်ရွက်ခြင်း မရှိသေးဘဲ စီမံကိန်းနေရာသို့ ပြန်လည်ဝင်ထွက်သွားလာနိုင်သည့်အချိန်တွင်မှ စူးစမ်းလေ့လာမှုများ ပြန်လည်ပြုလုပ်ပြီး ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ တင်ပြနိုင်သည့်နောက်ပိုင်းမှသာ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအခြေအနေကို အတည်ပြုသိရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
