Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား

စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁ဝ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စုပေါင်းရုံးတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက်  လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများသည် လဝကလုပ်ငန်းစဉ်များကို မြစ်ကြီးနားမြို့ရှိ ယာယီရုံးသို့ပြောင်းရွှေ့ဆောင်ရွက်နေရကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးတွင် ပြီးခဲ့သည့် (အောက်တိုဘာ ၇ ရက်) က ကာမိုင်း-နန့်ယားလမ်း ပြုပြင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများ ညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ် KIA က FPV ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်ခြင်းမရှိဘဲ အရပ်သားများသာ ရှိနေသည့်နေရာကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“စုပေါင်းရုံးကို တိုက်ခိုက်တာ။ စုပေါင်းရုံးကို တိုက်ခိုက်တဲ့နေရာက စစ်ဘက်ရေးရာနဲ့ဆိုင်တဲ့သူတစ်ယောက်မှ မရှိဘူး။ မြို့နယ်ရဲမှူးတစ်ယောက်ပဲ ပါရင်ပါမယ်။ အဲဒါတောင် အဲဒီနေ့က မရောက်သေးဘူး။ အရပ်သားတွေကြီးပဲ ရှိတဲ့နေရာမှာ တခြားဘယ်သူမှ မပါဘူး။ စစ်ဘက်ကတစ်ယောက်မှ မပါဘူး” ဟု လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။


အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် KNDPC ကုမ္ပဏီ၏ ကိုယ်စားလှယ်ချုပ်ဦးဇော်အောင်နှင့် ဈေးသည် တစ်ဦးသေဆုံးခဲ့ကာ အရပ်သား (၅) ယောက်လည်း စိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“အဲဒါဝင်ပစ်သွားတာ။ ဝင်ပစ်သွားတော့ ကချင်လူမျိုးတစ်ယောက်  သေသွားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် လဝကရုံးကို ယာယီပြောင်းရွှေ့ထားရသော်လည်း စုပေါင်းရုံး၏ အခြားလုပ်ငန်း များမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ လဝကရုံးတစ်ရုံးပဲ အတည်ပြုထားသေးတယ်။ ကျန်တာတွေတော့ ဆက်ရှိနေသေးတယ်။ စုပေါင်းရုံးကတော့ ဆက်ပြီးတော့ လည်ပတ်နေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။

လဝကဝန်ထမ်းများအားလုံးကို မြစ်ကြီးနားမြို့ရှိ ယာယီရုံးသို့ ပြောင်းရွှေ့ထားသဖြင့် ဖားကန့်မြို့တွင် မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်းပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် ဖားကန့်ဒေသခံများအနေဖြင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများဆောင်ရွက်ရန် မြစ်ကြီးနားမြို့ အထိ သွားရောက်ရတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ဆိုရှယ်မီဒီယာတွင် ရေးသားထားချက်အရ သိရသည်။

အဆိုပါအခြေအနေကြောင့် သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ဒေသခံများအတွက် ခရီးစရိတ် အပြင် နေထိုင်စားသောက်စရိတ်များပါ ထပ်မံကုန်ကျလာနိုင်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved