ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
သန့်မင်းအိမ် (NP News) - အောက်တိုဘာ ၁၀
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာ မဟာဘွဲ့ရသူများ အား ဦးစားပေး ရွေးချယ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားချက်အရ သိရသည်။
စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာမဟာဘွဲ့ရရှိသူများအား တက်ရောက်ခွင့်မပြုဟူသောမူကို ရန်ကုန်စီးပွား တက္ကသိုလ်ကိုယ်စားပြုပညာရေးအဖွဲ့ (၅/၂၀၂၆) ၏ ၂ဝ၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်က ကျင်းပသော အစည်းအဝေးတွင် ပညာရေးအဖွဲ့မှ သဘောတူ အတည်ပြုခဲ့ကြောင်း ဖြေကြားသည်။

မဟာတန်းများသို့လျှောက်ထားသူ အရေအတွက်မှာ များပြားသောကြောင့် စီးပွားရေးဆိုင်ရာမဟာဘွဲ့ မရရှိသေးသူများကိုအခွင့်အရေးပေးသည့်အနေဖြင့် ဦးစားပေးရွေးချယ် ရခြင်းဖြစ်ပြီး ဘွဲ့ရကျောင်းသူ ကျောင်းသားများများ၏ အရည်အသွေးကို လက်ရှိထက် ပိုမိုမြှင့်တင်နိုင်ရန် နှင့် နိုင်ငံသားတိုင်း အဆင့်မြင့်စီးပွားရေးပညာရပ်များကို လေ့လာခွင့်ရရှိစေရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ မဟာဘွဲ့မရရှိသေးသူများအား အခွင့်အရေးပေးပြီး ရွေးချယ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
RELATED POSTS
31 Oct 2026 | ပညာရေး,ပြည်တွင်း
29 Oct 2026 | ပညာရေး,ပြည်တွင်း
