မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် ယနေ့ (အောက်တိုဘာ ၁၀ရက်) နံနက် (၇) နာရီခွဲဝန်းကျင်ခန့်က ကားတစ်စီး အရှိန်လွန်ပြီး ဓာတ်တိုင်ကို ဝင်တိုက်မိရာမှ လူ (၃) ဦး သေဆုံးသွားခဲ့ကြောင်း အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဖြစ်စဉ်မှာ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမအနီးတွင် EV အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး ဓာတ်တိုင် (၃) တိုင်ကို ဝင်တိုက်မိရာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ အမျိုးသမီး နှစ်ဦးမှာ စိုးရိမ်ရ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တော်တော်လေးကို အရှိန်ပြင်းစွာ မောင်းလာပြီးတော့မှ MCC ခန်းမ မရောက်ခင်အကွေ့ ပါရမီလမ်းဘက်က လာတာကို ဓာတ်တိုင်ကို ဝင်တိုက်တာ။ ကားက EV ကား။ ကားကကြေပြီးတော့မှ ဝင်သွားတာ။ ယာဉ်မောင်းက အမျိုးသားပေါ့။ ယာဉ်မောင်းအမျိုးသားရယ်၊ ရှေ့မှာထိုင်တဲ့အမျိုးသမီးတစ်ယောက်ရယ်၊ နောက်မှာ ထိုင်တဲ့အမျိုးသမီး (၃) ယောက်ထဲက တစ်ယောက်ရယ် သေဆုံးသွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အနီရောင်အဆင့်ပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ သေဆုံးသူအမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးမှာ အသက် (၄၀) နှစ်ဝန်းကျင်ခန့်ဖြစ်ပြီး ၎င်းတို့၏ရုပ်အလောင်းများကို အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကြောင်း သိရသည်။
ထို့ပြင် ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးမှာလည်း အသက် (၄၀) နှစ်ဝန်းကျင်ခန့်ဖြစ်ပြီး ပေါင်ကျိုးဒဏ်ရာများနှင့် အခြားဒဏ်ရာများ ရရှိခဲ့ကာ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
