မမြ ရေလှောင်တမံမြေသားနိမ့်ကျမှုဖြစ်ပြီး အနီးရှိကျေးရွာတို့ကို ဆော်ဩခြင်းများ ဆောင်ရွက်နေ
သားပု (NSS) - အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မျှစ်ဝါးတောင်အုပ်စုရှိ မမြရေလှောင်တမံသည် ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေပိုင်းမှစတင်ကာ မြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့်အတွက် တာဝန်ရှိသူများ က လိုအပ်သည်များအား ဆောင်ရွက်နေပြီး အနီးရှိကျေးရွာတို့ကို ဆော်ဩခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

"ညနေပိုင်းလောက်က နိမ့်ကျသွားတာပေါ့။မြေသား အက်နေတာက မိုးတွင်းထဲကဖြစ်နေတာပါ။ပြိုကျတာတော့ တမံရဲ့အပြင်ဘက်မြေသားပြိုတာပါ။ အတွင်းမှာတော့ ကွန်ကရစ်ကျန်နေသေးတယ်။ကျိုးမယ်လို့လဲ ပြောလို့မရသလို မကျိုးဘူးလို့လဲ ပြောလို့မရတဲ့အနေအထားဖြစ်နေတာပေါ့။ လူကြီးတွေတော့ ရောက်နေကြပါပြီ။ ရွာတွေကိုတော့ ညက မိုက်နဲ့လိုက်အော်နေတယ်။ ကုန်းမြင့်တဲ့နေရာ ရွှေ့နေကြဖို့ပေါ့။ ကျိုးသွားခဲ့ရင်တော့ ရွာတွေမနည်းဘူးမြုပ်မှာ။ နောက်သေနတ်ငါးချက်ဖောက်ရင် ပြေးကြဖို့ ဆိုတာတွေပေါ့" ဟု မြန်အောင်မြို့ခံ ဦးရွှေသွေးက NP News သို့ ပြောသည်။

လက်ရှိမှာ ရေလှောင်တမံအတွင်းရှိရေများကို မမြချောင်းအတွင်း ရေထွက်ပေါက်မှ ရေဖောက်ချရန် လုပ်ဆောင် နေကြောင်း သိရသည်။
"ရေလှောင်တမံက နဂိုထဲက ရေထွက်ပေါက်ဆိုပြီး မမြချောင်းရှိတယ်။အခု အဲဒီချောင်းထဲဖောက်ချဖို့ စီစဥ်နေတယ်။ ချောင်းကတော့ သိပ်အကြီးကြီး မဟုတ်ဘူး။ အဲဒီချောင်းကလဲ နှုံးတွေ၊ ဒိုက်တွေနဲ့ဆိုတော့ ရေဖောက်ချရင် ချောင်းဘေးကလယ်တွေတော့ ရေမြုပ်နိင်တယ်။ လယ်ကလည်း ရိတ်ခါနီးနေပြီ။ ဒါပေမဲ့မြစ်ရေကျနေတော့ ရေကကြာကြာတော့ခံမှာ မဟုတ်လောက်ဘူး" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တို့က အနီးကပ်စောင့်ကြပ်ကွပ်ကဲနေကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချဉ်းကပ်ပုံနည်းလမ်းသစ်တွင် မြန်မာ့အရေး တိုးတက်မှုအချို့ရှိလာကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် ပြော
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
