တိုင်းရင်းသားကျေးရွာအနီးတွင် မီးရထား အကြိတ်ခံရသောကြောင့် ရဟန်းတော်တစ်ပါး ပျံလွန်တော်မူ
သုတကျော် (NSS) - အောက်တိုဘာလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ရှိ တိုင်းရင်းသားကျေးရွာအနီးတွင် မီးရထား အကြိတ်ခံရသောကြောင့် ရဟန်းတော် တစ်ပါး ပျံလွန်တော်မူနေသည်ကို ယနေ့ (အောက်တိုဘာလ ၁၀) နံနက်ပိုင်းတွင် တာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူများထံက သိရသည်။

သာကေတမြို့နယ်၊ (၁၀)မြောက်ရပ်ကွက်၊ ရတနာလမ်း၊ ပြည်ထောင်စုတိုင်း ရင်းသားကျေးရွာ အနီးရှိ မီးရထားသံလမ်းပေါ်တွင် ရဟန်းတော်တစ်ပါး မီးရထားကြိတ်ခံရ၍ ကိုယ်နှစ်ပိုင်းပြတ်ကာ ပျံလွန်တော်မူနေကြောင်း တွေ့ရှိရသော သတင်းအရ နံနက်ပိုင်း (၉) နာရီကျော် အချိန်တွင် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရဟန်းတော်မှာ သက်တော် (၅၂) နှစ်အရွယ် ရှိ ဦးဝိမလ ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရှိ ဓမ္မသုခဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း ကနဦး စုံစမ်း သိရှိရကာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်၊ ဝဲခြေချင်းဝတ်ပြတ်၊ ညာလက်ဖျံပြတ်ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ မေးမြန်းချက်အရ နောက်ဆုံးသွားခဲ့သည့် ရထားမှာ သန်လျင် မှ သန်ခေါင်ယံ အချိန် ညနက်ပိုင်း ၁၂ နာရီ အချိန် ထွက်ခွာ၍ ဒဂုံမြို့သစ် (တောင်ပိုင်း) သို့ အောက်တိုဘာလ ၁၀ ရက် နံနက်အစောပိုင်း ရောက်ရှိသော ရထား ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်ထားပြီး ပျံလွန်တော်မူသည့် ရဟန်းတော်၏ အသေးစိတ် အချက်အလက်များအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မမြ ရေလှောင်တမံမြေသားနိမ့်ကျမှုဖြစ်ပြီး အနီးရှိကျေးရွာတို့ကို ဆော်ဩခြင်းများ ဆောင်ရွက်နေ
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
