ဝေါနှင့် ကျောက်မဲတို့တွင် ငွေကျပ် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁၀
ဝေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် ငွေကျပ် သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်က ငွေကျပ် သိန်း (၆၉၃) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဇော်မိုးလွင် (ခ) ဇော်မိုး နှင့် သက်ခိုင်ထွေးတို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် (၁) သိန်းကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စုံစမ်းစစ်ဆေးခဲ့ရာ ဆန်းမြင့်ထွေး၊ ပြုံးမောင်မောင်နှင့် ရန်နိုင်လွင်တို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် (၃၈၆၀၀) ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူမှာ တင်ဌေး (ခ) ဟာဆန်ဖြစ်ပြီး ၎င်းကို မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ဇော်မိုးလွင် (ခ) ဇော်မိုး (၅၅) နှစ်၊ သက်ခိုင်ထွေး (၂၂) နှစ်၊ ဆန်းမြင့်ထွေး (၄၆) နှစ်၊ ပြုံးမောင်မောင် (၃၂) နှစ်၊ ရန်နိုင်လွင်(၃၂)နှစ် နှင့် တင်ဌေး (ခ) ဟာဆန် (၄၄) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအရေးယူထားကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်က ကျော်ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငွေကျပ် သိန်း (၅၅၀) တန်ဖိုးရှိ ဘိန်းဖြူ (၂ ဒသမ ၇၅) ကီလိုကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသူ ကျော်ဦး (၂၇) နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်အပါအဝင် ခရိုင် (၇) ခု ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဖော်ဆောင်မည်
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
