Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေး Quality Education နှင့် Digital Transformation ကို အဓိကထားဆောင်ရွက်နေ


သန့်မင်းအိမ်(NSS) - အောက်တိုဘာ ၈

မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်လာစေရန် ပညာရေးဝန်ကြီးဌာနက Quality Education, Digital Transformation, Research & Innovation, Internationalization & Quality Assurance ကဏ္ဍများကို အဓိကထား၍ စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ယမန်နေ့ (အောက်တိုဘာ ၇ရ)က်နံနက် ၁၀ နာရီ တွင်ကျင်းပပြုလုပ်သောတတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၏ နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် တက္ကသိုလ်များအား နိုင်ငံတကာအဆင့်မီစေရန် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ နိုင်ငံတကာအဆင့်မီစေရန် သင်ရိုးသစ်များကို နှစ်စဉ်ပြင်ဆင်ရေးဆွဲလျက်ရှိပြီး ပေါင်းစပ်ဘာသာရပ်များနှင့် အသုံးချဘာသာရပ်များကိုလည်း တိုးချဲ့သင်ကြားပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် Tutorials, Assignments နှင့် Practicals များကို ပုံမှန်ဆောင်ရွက်စေခြင်း၊ တီထွင်ဆန်းသစ်သော သင်ကြားသင်ယူမှုများ ဖြစ်ပေါ်စေရန် Project-based Learning (PBL) အပါအဝင် ကျောင်းသားဗဟိုပြု သင်ကြားနည်းများကို အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်နေကြောင်းနှင့်တက္ကသိုလ်များတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြု သင်ကြားသင်ယူမှုများ တိုးမြှင့်နိုင်ရန် Learning Management System (LMS) များ တည်ထောင်ခြင်းနှင့် Digital Library များ ဖွင့်လှစ်ထားရှိခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ သင်ကြားရေးဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ ရက်တိုလေ့လာရေးခရီးစဉ်များနှင့် နှစ်ရှည်နိုင်ငံခြားပညာတော်သင် စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

တက္ကသိုလ်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာပညာသင်ဆုများမှတစ်ဆင့် နိုင်ငံခြားတက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်ရေးနှင့် ပါရဂူဘွဲ့ရများ မွေးထုတ်ပေးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရည်အသွေးအာမခံမှုအပိုင်းတွင်လည်း ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီကို ဖွဲ့စည်းထားပြီး အရည်အသွေးအာမခံမှုစနစ် လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

တက္ကသိုလ်များတွင် Internal Auditing နှင့် External Auditing of ASEAN University Network ၏ “AUN-QA Criteria” များကို ကျင့်သုံးကာ Programme Level နှင့် Institutional Level တို့တွင် အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုများ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။

ထို့အပြင် ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်စနစ်ဖြစ်သည့် Times Higher Education (THE) ၏ 5 Pillars နှင့် 17 Performance Indicators များ၊ QS Asia University Rankings ၏ လက်ရှိ 11 Indicators များနှင့် ကိုက်ညီပြည့်မီရေးကိုလည်း တက္ကသိုလ်များအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

မြန်မာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသော ပညာရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အရည်အသွေးအာမခံမှု တို့ကို အဓိကထား၍ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်း၏ပြောကြားချက်အရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ ကြောင်း မလေးရှား ဝန်ကြီးချုပ် ပြော

RELATED POSTS
RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved