Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရပ်ကျေးဘောလုံးပွဲများ၏ ဘေးထိုင်လောင်းကြေး ကျပ် သိန်းထောင်ချီ ရှိနေ


သန့်မင်းအိမ် (NSS) - စက်တင်ဘာလ ၈

ပဲခူးတိုင်းဒေသကြီးတွင် ရပ်ကွက်နှင့်ကျေး ရွာဘောလုံးပွဲများ၏ ဘေးထိုင်လောင်းကြေး ကျပ် သိန်းထောင်ချီရှိနေကြောင်း သိရှိသူသတင်းရင်းမြစ် က NSS သို့ပြောသည်။

ယခင်ကာလအဆက်ဆက်ကပင် ပဲခူး တိုင်းဒေသကြီးရှိ နေရာဒေသအချို့တွင် ရပ်ကွက်၊ ကျေးရွာအချင်းချင်း ချစ်ကြည်ရေးဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲနှင့်အုပ်စုပတ်လည်အုပ်ချုပ်ရေးဖလားဘော လုံးပြိုင်ပွဲများဟူ၍ နှစ်စဉ်သတ်မှတ်ကျင်းပခြင်းများရှိကြောင်းသိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင် ဆုကြေးငွေသတ်မှတ်ခြင်းများလည်းရှိသကဲ့သို့ ဘေး ချိတ်ဟုခေါ်သည့် နှစ်ဖက်ပရိသတ်များ၏ ဘေးထိုင် လောင်းကြေးများလည်းရှိရာ လက်ရှိကာလတွင် လောင်းကြေး ကျပ် သိန်း(၁၀ဝဝ)အထိရှိကြကြောင်း သိရှိသူသတင်းရင်းမြစ်ကဆိုသည်။

"ကျွန်မတို့မြို့နယ်မှာ အုပ်ချုပ်ရေးဖလား ဆိုပြီးတော့ရင် တော်တော်များများ ပေါ်လစီနဲ့ ဘော လုံးပွဲတွေကျင်းပကြတယ်။ ကျင်းပတော့ အဲဒီလိုမျိုး တွေကစားတိုင်း အဲဒီကစားပွဲတွေရဲ့ နောက်ဆက်တွဲ နောက်မှာ ဘာတွေပါလာလဲဆိုတော့ ရပ်ကျေးအုပ် ရေးမှာ တာဝန်ရှိတွေရဲ့လောင်းကြေးတွေပါလာ တယ်။ အုပ်ကြီးတွေက ပွဲတွေကို တစ်ဖက်နဲ့တစ်ဖက် ကိုလောင်းကြတယ်။ ဒါတွေကို ကစားသမားတွေက မသိဘူး။ သူတို့တွေက အနိုင်ရဖို့ပဲသိတယ်"ဟု ၎င်းကပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲများအတွက် ကြီး ကြပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန် ယူကြပြီး ၎င်းတို့အချင်းချင်းအကြားတွင်ပင် လုပ်ပွဲ ကစားစေခြင်းကို ခွင့်ပြုထားကြကြောင်းသိရသည်။

ထို့ပြင် လောင်းကြေးငွေ ကျပ် သိန်းထောင် ချီရှိလာသည့်ပြိုင်ပွဲများတွင်မူ ကွင်းလယ်ဒိုင်နှင့် စည်း ကြပ်ဒိုင်များအပေါ်တွင်ပင် ငွေကြေး မက်လုံးပေးစည်း ရုံးကာ ပြိုင်ပွဲရလဒ်ကိုလှည့်ပြောင်းရန် လုပ်ဆောင် ကြောင်းလည်း ၎င်းကဆိုသည်။

"သူတို့က တစ်ဖက်နဲ့တစ်ဖက်ညှိလို့ရမယ့် ဒိုင်တွေကိုပဲငှားကြတာ။ သို့သော်လည်း ဒီနယ်မှာ တော့ ဒီလိုကိစ္စတွေကို ကစားသမားလေးတွေကတော့ မသိကြဘူး။ တချို့လည်းသိကြတယ်။ တော်တော်များ များကမသိကြဘူး"ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းအနောက်ပိုင်းရှိ မြို့နယ်တစ်ခု တွင်ကျင်းပခဲ့သည့် အုပ်ချုပ်ရေးမှူးဖလား ဘောလုံး ပြိုင်ပွဲတွင် ဘေးထိုင်လောင်ကြေး ကျပ် သိန်း (၁၀ဝဝ) ထိရှိခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် မိနစ်အနည်းအငယ်အလို တွင် ရှုံးနိမ့်နေသည့်အသင်းဘက်မှလောင်းထား သည့် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတစ်ဦးက ရည်ရွယ်ချက်ရှိစွာ ပွဲပျက်ပြယ်ရန် ရန်စခဲ့ ကြောင်း ၎င်းကဆိုသည်။

"ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၄)ရက်က ကျွန်မတို့နယ်မှာလုပ်တဲ့ဘောလုံးပွဲမှာလည်း တစ် ဖက်နဲ့တစ်ဖက် လောင်းတာ သိန်း(၅၀ဝ)အထိတက် သွားတယ်။ အဲဒီလို သိန်း(၅၀ဝ)အထိတက်သွားပြီး တော့မှ (၂)လုံးအပေါ်ဆိုပြီးတော့ လုပ်လည်းလုပ်ရော ကြေးတွေက သိန်းထောင်ချီသွားရော။ ပွဲပြီးချိန်က လည်း (၅)မိနစ်ပဲလိုတော့တယ်။ အဲဒီမှာ ရာအိမ်မှူးက နေပြီးတော့မှ ပွဲအပြင်ကနေမှ ကွင်းထဲပြေးလာပြီး တော့ ဘောလုံးသမားကိုဝင်ထိုးတာ။ အဲဒီတော့ ဘော လုံးကစားသမားတွေကလည်း ရန်ဖြစ်ကြတာပေါ့။ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူးတစ်‌ယောက်က သေ နတ်အရှည်နဲ့ ရုတ်တရက်ဝင်လာပြီးတော့ ကစားသ မားတစ်ယောက်ကို ဝင်ရိုက်တာ။ နောက်တော့ ကျည် (၆)ချက်ဖောက်ပြီးတော့လူစုခွဲလိုက်ရတယ်"ဟု ၎င်းကပြောသည်။

ထို့နောက် အထက်ပါဘောလုံးပြိုင်ပွဲတွင် ကျူးလွန်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးပိုင်းဆိုင်  ရာတာဝန်ရှိသူများကို အရေးယူပေးရန် သက်ဆိုင် ရာသို့တိုင်ကြားခဲ့ရာမှ စက်တင်ဘာလ (၂၈)ရက်တွင် လာရောက်တောင်းပန်ခဲ့ကြောင်း ၎င်းကဆိုသည်။

                                            


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြင်းခြံ - တောင်သာ - မလှိုင် - ရန်ကုန် (သို့မဟုတ်) ရွေးစရာများသော ခရီး (သတင်းဆောင်းပါး)

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved