ဆရာ၊ ဆရာမများ စာသင်ချိန်တွင် စာသင်ခန်းအတွင်းသို့ လက်ကိုင် တယ်လီဖုန်းများ ယူဆောင်ခွင့် မပြုကြောင်း စာပြန့်နေပြီး အချို့ကျောင်းများတွင် စတင်ဆောင်ရွက်နေဟုဆို
ထိုက်စံ(NSS)-အောက်တိုဘာ ၈
ဆရာ၊ ဆရာမများ စာသင်ချိန်တွင် စာသင်ခန်းအတွင်းသို့ လက်ကိုင် တယ်လီဖုန်းများ ယူဆောင်ခွင့် မပြုကြောင်း စာ မှာ အင်တာနက် လူမှုကွန်ယက် စာမျက်များထက်တွင် ပြန့်နေပြီး အချို့ကျောင်းများတွင် စတင်ဆောင်ရွက်နေ ကြောင်း NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
သင်ကြားသင်ယူမှုနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းဝင်းအတွင်းသို့ လက်ကိုင်တယ်လီဖုန်းများ (လုံးဝ)ယူဆောင်ခွင့် မပြုကြောင်းနှင့် ဆရာ ဆရာမများအနေဖြင့် စာသင်ချိန်တွင် စာသင်ခန်းအတွင်းသို့ လက်ကိုင် တယ်လီဖုန်းများ (လုံးဝ) ယူဆောင်ခွင့်မပြုရန် ဟု ထွက်ပေါ်နေသော စာ အတွင်း ရေးသားထားသည်။

သက်ဆိုင်ရာခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာ ရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် လမ်းညွှန်မှာကြားချက်အပေါ် လိုက်နာဆောင်ရွက် နိုင်ရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထွက်ပေါ်နေသော စာတွင် ဖော်ပြထားသည်။
“ဆရာမတွေ စာသင်ခန်းထဲ ဖုန်းမယူရတော့ဘူးဆိုတာ ဟုတ်တယ်။ အခု ဒီ(၁၀)လပိုင်းအစက စလိုက်တာ။ အခုက တချို့ဆရာမတွေက Tiktokပေါ်မှာက တယ်။ လိုင်းပေါ်မှာတင်တာတွေလည်း မြင်သွားတာလည်း ပါမှာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
ယင်းထုတ်ပြန်ချက်ကို အင်တာနက် စာမျက်နှာများထက်တွင် တွေ့သော်လည်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားလာခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးမှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
“ထုတ်ပြန်ထားတာတော့ တွေ့လိုက်တယ်။ ဒါပေမယ့် ဒီကျောင်းမှာတော့ အဲဒီလိုတော့ မထားထားသေးဘူး။ ကျောင်းက သေးလို့လားတော့ မသိဘူး ဒါပေမယ့် ဒီဘက်မှာ ဒီလို လိုက်နာရမယ် ဆိုတာ မသိရသေးဘူး” ဟု ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ခရီးစဥ်ကို ဝေဖန်နေသူများအား မလေးရှားအစိုးရ တုံ့ပြန်ဝေဖန်
RELATED POSTS
31 Oct 2026 | ပညာရေး,ပြည်တွင်း
29 Oct 2026 | ပညာရေး,ပြည်တွင်း
