အယ်လ်နီညိုဖြစ်စဉ်ကြောင့် သောက်သုံးရေကို လေလွင့်မှုမရှိစေရေး စိစစ်ချွေတာသုံးစွဲပေးရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီ တိုက်တွန်း
စော (NSS) - အောက်တိုဘာ ၇
အယ်လ်နီညိုဖြစ်စဉ်ကြောင့် သောက်သုံးရေကို လေလွင့်မှုမရှိစေရေး စိစစ်ချွေတာသုံးစွဲပေးရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ယမန်နေ့ (အောက်တိုဘာ ၆ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့်နွေကာလများတွင် နေ့အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခြင်း စသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ရေဖြန့်ဝေရာတွင် အလေအလွင့်မရှိစေရန် စိစစ်ချွေတာ ဖြန့်ဝေပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရေသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ပေးဝေသော သောက်သုံးရေကို လေလွင့်မှုမရှိစေဘဲ စိစစ်ချွေတာသုံးစွဲပေးရန်နှင့် သောက်သုံးရေမှတစ်ပါး အခြားသုံးစွဲမှုများကို မပြုလုပ်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တိုက်တွန်းထားသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း သဘာဝမြေဩဇာထုတ်လုပ်မှုအပေါ် လုပ်ငန်းရှင်ကြီးများ စိတ်ဝင်စားမှု မရှိသေး
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
