ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းကို လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုထောက်ခံ
စော (NSS) - အောက်တိုဘာ ၇
ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်း သိရသည်။
ယခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ယခုအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ရေယာဉ်၊ လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ ညှိနှိုင်းချက်ဖြင့် အောက်တိုဘာလတွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁၄၇၆) ဦးအား မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေးနှင့် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆိုထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၃ တွင် "လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရရှိခွင့်ရှိသည်" ဟု ဖော်ပြထားပြီး အပိုဒ် ၁၃၊ အပိုဒ်ခွဲ (၂) တွင် "လူတိုင်းတွင် မိမိ၏နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှမဆို ထွက်ခွာခွင့်နှင့် မိမိ၏နိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိသည်" ဟု အတိအလင်း ဖော်ပြထားသည့်အတိုင်း ပြည်ပရောက်နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးဒုက္ခနှင့် အခက်အခဲများမှ ကင်းလွတ်စေရန် နိုင်ငံတော်အနေဖြင့် အကာအကွယ်ပေးခြင်းနှင့် နေရပ်ပြန်ပို့ခွင့်ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးခြင်းသည် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသော လုပ်ဆောင်ချက် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် နိုင်ငံသားတိုင်း ဥပဒေအရ အကာအကွယ်ရရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပြည့်ဝစွာရရှိစေရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ မြှင့်တင်ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ခေါ်ဆောင်သည့် လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးရှိ လူနေအဆောင်တစ်ခုအတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်နေသူ(၄)ဦးကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
