ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Data Security နှင့်ပတ်သက်၍ အဆင့်မြှင့်တင်မည်
သန့်ဇင် (NSS) - အောက်တိုဘာ ၇
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Data Security နှင့်ပတ်သက်၍ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(အောက်တိုဘာ ၆ ရက်) နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Govern-ment လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်များအနေဖြင့် အတိုင်းအတာတစ်ခုအထိ Digital Information System ကို ဆောင်ရွက်ထားပြီးဖြစ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နည်းပညာအကူအညီများရယူပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် Digital Student Information Mana-gement System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေးဆောင်ရွက်ရန်လိုကြောင်းနှင့် Data Security နှင့်ပတ်သက်၍ အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Hospital Information System ကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ဆေးရုံကြီးများတွင် Telemedicine System ကိုလည်းကောင်း၊ FDA အနေဖြင့် e-submi-ssion, Digital Payment System များကိုလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

တက္ကသိုလ်စာကြည့်တိုက်များအားလုံးကို e-Library အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့တက္ကသိုလ်အလိုက် လက်ရှိဆောင်ရွက်နေမှုများ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို အချင်းချင်းအတွေ့အကြုံများဖလှယ်ပြီး ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးရမည့်အချက်များကိုပါ တင်ပြဆွေးနွေးစေလိုကြောင်းနှင့် လိုအပ်သည်များ ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဈေးကွက်မြင့်မားသည့် မတ်ပဲကို အထူး Export Zone ဖော်ဆောင်ရန်စီစဉ်နေ
RELATED POSTS
31 Oct 2026 | ပညာရေး,ပြည်တွင်း
29 Oct 2026 | ပညာရေး,ပြည်တွင်း
