ဖျာပုံမြို့သည် အောက်တိုဘာလအတွင်း အပူချိန်အမြင့်ဆုံး စံချိန်သစ်တင်
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် အောက်တိုဘာလအတွင်း စံချိန်တင်အပူချိန်အသစ် ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။
ဖျာပုံမြို့၏ အမြင့်ဆုံးအပူချိန်သည် ယမန်နေ့ (အောက်တိုဘာ ၅ ရက်) တွင် (၃၆) ဒီဂရီဆဲလ်စီးယပ်စ် (၉၆ ဒသမ ၈) ဒီဂရီဖာရင်ဟိုက်အထိ ရောက်ရှိခဲ့ပြီး အဆိုပါအပူချိန်သည် စခန်းဖွင့်လှစ်ထားသည့် (၂၅) နှစ်တာကာလအတွင်း အောက်တိုဘာလအတွက် အမြင့်ဆုံးအပူချိန်ဖြစ်လာခဲ့ကြောင်း သိရသည်။
ယခင်က ဖျာပုံမြို့၏ အောက်တိုဘာလအမြင့်ဆုံးအပူချိန်အဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာ (၂၈) ရက်တွင် (၃၅ ဒသမ ၉) ဒီဂရီဆဲလ်စီးယပ်စ် (၉၆ ဒသမ ၆) ဒီဂရီဖာရင်ဟိုက် မှတ်တမ်းတင်ထားခဲ့ပြီး ယခုမှတ်တမ်းသည် ယခင်စံချိန်ထက် (၀ ဒသမ ၁) ဒီဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ(၆)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
08 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
07 Nov 2026 | အထွေထွေ,ပြည်တွင်း
05 Nov 2026 | အထွေထွေ,ပြည်တွင်း
