တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ကို အောက်တိုဘာလ (၅) ရက်တွင် လုပ်မည်
သားပု (NSS) - အောက်တိုဘာ ၃
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ဒုတိယနေ့ကို အောက်တိုဘာလ (၅) ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဟု လွှတ်တော်ထုတ်ပြန်ချက်အရ သိရသည်။
အစည်းအဝေးတွင် စက်တင်ဘာလ (၂၄) ရက်က တိုင်းဒေသကြီးစာရင်းစစ်ချုပ် တင်သွင်းခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ သဘောထားဆန္ဒရယူကာ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူသွားမည်ဟု သိရသည်။
လွှတ်တော်အထူးအစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ (၂၄) ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ်အရအသုံးမှန်းခြေစာရင်းလျာထားချက်ကိုလွှတ်တော်သို့ တင်ပြခဲ့ပြီး ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဌာနဆိုင်ရာများ၏ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) စစ်ဆေးတွေ့ရှိချက်ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်က အစီရင်ခံဖတ်ကြားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ(၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
