Central ကွန်ဒို တည်ဆောက်သော Marga Landmark ကုမ္ပဏီရုံးကို စသုံးလုံးက ချိပ်ပိတ်၊ စစ်ဆေး

သုတကျော် (NSS) - အောက်တိုဘာ ၃
Central ကွန်ဒိုအခန်း မအပ်နိုင်သေးသည့် ပြဿနာနှင့်ရင်ဆိုင်နေရသော Marga Landmark ကုမ္ပဏီရုံးခန်းကို ယနေ့ (အောက်တိုဘာလ ၃ ရက်)၊ နေ့လယ်ပိုင်း (၁) နာရီကျော် အချိန်တွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန က ချိတ်ပိတ်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း NP News က စုံစမ်းသိရှိရသည်။
ရုံးရှိ စာရွက်စာတမ်းများအား စစ်ဆေးရန် သိမ်းဆည်းခဲ့သည့်အပြင် ဝန်ထမ်းများကိုပါ ခေါ်ယူစစ်ဆေးကြောင်း ကနဦး သိရသည်။
“မနက်ပိုင်း ခေါ်စစ်ပြီး (၁) နာရီခွဲမှာ ချိပ်ပိတ်လိုက်တာလို့ သိထားတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
Central ကွန်ဒိုတွင် လွန်ခဲ့သောကာလများက တိုက်ခန်း ဝယ်ယူခဲ့သူများကို ကုမ္ပဏီဘက်က အခန်းမအပ်နိုင်သေးသည့်အပြင် တည်ဆောက်ရေးလုပ်ငန်းများပင် မစသေးသည့်အတွက်ကြောင့် ဝယ်ယူထားသူများမှ ကုမ္ပဏီရုံးခန်းသို့သွားရောက်ကာ အရေးဆို၊ မေးမြန်းခြင်းများပြုလုပ်ခဲ့ကြပြီး အခြေအတင်ဖြစ်ပွားသည့်အနေအထားမျိုးပင် ရှိခဲ့သည်။
ယင်းနောက် ယနေ့ (အောက်တိုဘာ ၃ ရက်) နေ့လယ်ပိုင်း တွင် Marga Landmark ကုမ္ပဏီက ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ ယင်းတွင် အိမ်ခန်းပိုင်ရှင်များအားလုံးအတွက် အခန်းတစ်ခန်းချင်းစီကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ်သွားမည်ဟူသော ခိုင်မာသည့် ကတိကဝတ်ကို ထပ်မံအတည်ပြုသည်ဟု ဆိုထားသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ကို အောက်တိုဘာလ (၅) ရက်တွင် လုပ်မည်
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
