အစိုးရ ဝန်ထမ်းများ၏ ရုံးတက်ချိန်ကို ပြင်ဆင်သတ်မှတ်
သုတကျော် (NSS) - အောက်တိုဘာ ၃
အစိုးရဝန်ထမ်းများ၏ ရုံးတက်ချိန်ကို ပြင်ဆင်သတ်မှတ်ထားကြောင်း ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့၏အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၏ အတည်ပြုချက်အရ သိရသည်။
အစိုးရဝန်ထမ်းမျာား အနေဖြင့် ရုံးချိန် နံနက်ပိုင်း (၉) နာရီခွဲ အစား နံနက် (၉) နာရီသို့ ပြင်ဆင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့အားလုံးအတွက် ဖြစ်ကြောင်းလည်း ကနဦး သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Central ကွန်ဒို တည်ဆောက်သော Marga Landmark ကုမ္ပဏီရုံးကို စသုံးလုံးက ချိပ်ပိတ်၊ စစ်ဆေး
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
