နျူလက်နက်များ အပါအဝင် လက်နက်အားလုံးထုတ်သုံးရန် ပြင်ဆင်နေဟု ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၃
ရုရှားသမ္မတပူတင်က ယူကရိန်းစစ်ပွဲကို ပိုမိုကြီးထွားလာစေရန်မလုပ်ဆောင်ကြဖို့ အနောက်နိုင်ငံများကို သတိပေးခဲ့ပြီး၊ ၎င်းတို့၏ ကာလင်နင်ဂရက်(Kaliningrad)သို့ တိုက်ခိုက်မှုများဖြစ်လာပါက နျူကလီးယား လက်နက် များအပါအဝင် ၎င်းတို့၏ လက်နက်တိုက်အတွင်းရှိလက်နက်အားလုံးကို အသုံးပြုရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့ သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မော်စကိုမြို့၌ပြု လုပ်သည့်(Valdai Discussion Club) အစည်းအဝေးတွင် ရုရှားခေါင်း ဆောင်က ယင်းကဲ့သို့ သတိပေး ခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတက ဥရောပနိုင်ငံ တစ် နိုင်ငံချင်းစီကို တိုက်ခိုက်ရန် အစီအစဉ်မရှိသော်လည်း လိုအပ်ပါက အနောက်နိုင်ငံများ၏ရန်လိုမှုကို တုံ့ပြန်ရန်အသင့်ရှိကြောင်း ပြောကြား လိုက် သည်။
ရုရှားသမ္မတ၏သတိပေးချက်သည် နေတိုးအဖွဲ့က ဟန့်တားနိုင်စွမ်းကိုမြှင့်တင်ရန်အတွက် ကာ လင်နင်ဂရက် အနီးတွင် ခံစစ်လေ့ကျင့်ခန်းများအဖြစ် ဖော်ပြခဲ့သော လတ်တလောစစ်ရေးလေ့ကျင့်မှုများ အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နေတိုးအဖွဲ့၏ အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ရုရှားနိုင်ငံအတွက် ပြင်းထန်သောစိုးရိမ်ပူပန် မှုများကိုဖြစ် ပေါ်စေခဲ့ပြီး၊ နေတိုးအဖွဲ့က အဆိုပါ ကာလင်နင်ဂရက်သီးခြားနယ်မြေကို လေကြောင်း သို့မဟုတ် ရေကြောင်းဖြင့် ပိတ်ဆို့ရန်ကြိုးပမ်းလာပါက လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက စက်တင်ဘာလနှောင်းပိုင်းတွင် သတိပေး ခဲ့ဖူးသည်။
ရုရှားသမ္မတက “ဘောလ်တစ်ပင်လယ် တွင်းကစစ်ရေးလေ့ကျင့်မှုတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာ တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သင်္ဘောတွေကိုဖမ်းဆီးဖို့ ကြိုးစားမှုတွေရှိလာတယ်။ ဒီအချက်တွေအားလုံးက တင်းမာမှုကို မြင့်တက်စေတာပါပဲ။ အဲဒီနောက်မှာမှ ကာလင်နင်ဂရက်ဒေသနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကို ကျွန်တော်တို့ စတင်ကြားလာရတာဖြစ်ပါတယ်”ဟု ပူတင်က ပြော ကြားခဲ့သည်။
ထို့ပြင် ရုရှားသမ္မတက “တကယ်လို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်မှုတွေလုပ် လာခဲ့မယ် ဆိုရင်၊ ကာလင်နင်ဂရက် (Kaliningrad) နဲ့ တခြားနယ်မြေတချို့အပေါ် တိုက်ခိုက်လာမယ်ဆို ရင်၊ ကျွန်တော်တို့ရဲ့ လက်နက်တိုက်အတွင်းမှာရှိတဲ့ လက်နက်အားလုံးကို အသုံးပြုဖို့ဆိုတဲ့အရေးကိစ္စဟာ ရှောင်လွှဲလို့မရဘဲ မလွဲမသွေ ပေါ်ပေါက်လာမှာဖြစ်ပါ တယ်။ ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စတစ်ခုပါပဲ”ဟု သတိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရ ဝန်ထမ်းများ၏ ရုံးတက်ချိန်ကို ပြင်ဆင်သတ်မှတ်
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
