ကွပ်မျက်ရန်အတွက် ဆေးနှစ်ကြိမ်ထိုးသွင်းခဲ့သော်လည်း အသက်မသေခဲ့သည့်အပြင် အိပ်ပါပျော်သွားသည့် အမေရိကန်အကျဉ်းသူ
Pika (NSS) - အောက်တိုဘာလ ၃
အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်တွင် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော အမျိုးသမီး တစ်ဦး သည် သေဒဏ်စီရင်ခံရသည့်အချိန်တွင် အသက်သေစေနိုင်သောဆေး နှစ်ကြိမ်ထိုးသွင်း ခံခဲ့ရသော်လည်း သေဆုံးခြင်း မျိုးမရှိဘဲ အသက်ရှင် ကျန်ရစ်ခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခံခဲ့ရကြောင်း ၎င်း၏ရှေ့နေနှင့်မျက်မြင်သက်သေများကို ကိုးကား ပြီး မီဒီယာများက ရေးသားဖော်ပြခဲ့သည်။
အသက်(၅၀)နှစ်အရွယ် ခရစ္စတာပိုက်ခ်သည် Knoxville မြို့ရှိ Job Corps ကျောင်းတွင် အတူတကွတက် ရောက်ခဲ့ကြသူ ကောလင်းဆလမ်မာကို (၁၉၉၅)ခုနှစ်တွင် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ် ခဲ့မှုအတွက် သေဒဏ်ချမှတ်ခံ ထားရသူလည်းဖြစ်သည်။ ၎င်း၏သေဒဏ်စီရင်မှု အောင်မြင်သွားခဲ့မည် ဆိုပါက ခရစ္စတာပိုက်ခ်၏သေဒဏ်စီရင်မှုသည် တန် နက်ဆီပြည်နယ်တွင် နှစ်ပေါင်း(၂၀ဝ)ကျော်အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ်ကွပ်မျက်မှုဖြစ် လာမည် ဖြစ်ကြောင်းလည်း သိရသည်။
(၁၉၉၅)ခုနှစ်ကဖြစ်ပွားခဲ့သောဖြစ်ရပ်အ တွင်း ခရစ္စတာပိုက်ခ်နှင့် ၎င်း၏ရည်းစား တာဒါရယ်လ် ရှစ်ပ်တို့သည် ကောလင်းဆလမ်မာကို သစ်တောထူ ထပ်သောဧရိယာတစ်ခုသို့ လှည့်ဖြားခေါ်ဆောင်သွားခဲ့ ကြကြောင်း တရားလို ရှေ့နေများက ပြောကြားခဲ့သည်။ ထို့နောက် ခရစ္စတာပိုက်ခ်က ကောလင်းဆလမ်မာကို ရိုက်နှက်ကာ ကတ်ထူပုံးဖောက် သည့်ဓားဖြင့် ခန္ဓာကိုယ်ကိုမွှန်းခဲ့သလို အဆိုပါအချိန်က အသက်(၁၇)နှစ်သာရှိသေးသော ရည်းစားဖြစ်သူ တာဒါရယ်လ် ရှစ်ပ်ကလည်း ကောလင်းဆလမ်မာ၏ခန္ဓာကိုယ်ပေါ်တွင် စေတန်အမှတ်အသားပုံစံကြယ်ကို ဓားဖြင့်ထွင်းခဲ့ကြောင်း တရားရုံးတွင်ဝန်ခံခဲ့ကြသည်။

အဆိုပါ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုအတွက် ခရစ္စတာပိုက်ခ်ကို သေဒဏ်ချမှတ်ခဲ့သော်လည်း တာဒါရယ်လ် ရှစ်ပ်ကိုမူ ထောင်ဒဏ်တစ်သက်တစ် ကျွန်းသာချမှတ်ခဲ့ကြောင်း သိရသည်။ pentobarbital ဆေးရည်ပါ ဝင်သောဆေး နှစ်ကြိမ်ထိုးသွင်း ခံရပြီးနောက် ခရစ္စတာပိုက်ခ်မှာ သတိလစ်သွားခြင်းမျိုးလည်းမရှိခဲ့ကြောင်း ၎င်း၏ရှေ့နေများက ပြော ကြားခဲ့သည်။ ယင်းအပြင် ခရစ္စတာပိုက်ခ်က ပုံမှန် အိပ်နေသည့်အတိုင်း ဟောက်ပင်ဟောက်နေခဲ့သည် ကိုလည်းကြား ခဲ့ရကြောင်း ရှေ့နေများကပြောကြားခဲ့သည်။ ထို့နောက် ခရစ္စတာပိုက်ခ်ကို အနီးအနားရှိ ဆေးရုံသို့ ချက်ချင်းပို့ ဆောင်ခဲ့သော်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေများကိုတာဝန်ရှိသူများက လက်ရှိအချိန်အထိ ထုတ်ဖော်ပြော ဆိုခြင်းမျိုးမရှိ သေးကြောင်းသိရသည်။
ဆေးထိုးသွင်းခံရပြီးနောက် ခရစ္စတာ ပိုက်ခ်က သတိရှိနေဆဲဖြစ်ပြီး ၎င်း၏လက်မောင်း တွင်ခံစားရသည့် အခြေအနေကိုပင် အကျဉ်းထောင် အရာရှိများကိုမေးမြန်းခဲ့ကြောင်း မျက်မြင်သက်သေ များကိုကိုးကားပြီး မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် သတင်းမီဒီယာများမှ မျက်မြင်သက် သေများကို အပြင်သို့မထွက်ခိုင်းမီ အချိန်အထိ ခရစ္စတာပိုက်ခ်၏ ဟောက်သံကို ကာထားသော ကန့်လန့်ကာနောက်ကွယ်မှ ဆက်လက်ကြားနေခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူလက်နက်များ အပါအဝင် လက်နက်အားလုံးထုတ်သုံးရန် ပြင်ဆင်နေဟု ရုရှားသမ္မတပြော
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
