ဂျူးလူမျိုးများစုဝေးနေသည့်နေရာတွေကို ထိုင်းအာဏာပိုင်တွေ စီးနင်း
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၃
ထိုင်းအစိုးရအာဏာပိုင်များသည် ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီ (Krabi) ခရိုင်ရှိဂျူးလူမျိုးများစုဝေး ရာနေ ရာနှင့် ကိုရှာ စားသောက်ဆိုင် တစ်ဆိုင်ကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်း ခဲ့ကြောင်း သိရသည်။

ဖူးခက်မြို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုနောက်ပိုင်း နိုင်ငံအတွင်းရှိ ဂျူးလူမျိုးများနှင့် သက်ဆိုင်သောနေရာများကို နောက်ဆုံး ထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် တာဝန်ရှိသူများက အဆိုပါ နေရာကို ချာဘတ် ဗဟိုဌာနတစ်ခုဟု ဖော်ပြခဲ့ကြသော်လည်း၊ နောက်ပိုင်း စစ်ဆေးချက်များအရ ဂျူးဝတ် ပြုကျောင်းနှင့် ကိုရှာ စားသောက်ဆိုင်တို့ကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ကရာဘီခရိုင် အုပ်ချုပ်ရေးမှူး အန်ကူရာ ဆီလာသီဗီကူလ်နှင့် ပြည်နယ်ရဲတပ်ဖွဲ့အချုပ် ဗိုလ်ချုပ် ဆူခါဆမ် နခွန်ဝီ လိုင်းတို့က အစိုးရဌာနအများအပြားနှင့် အတူ ပူး ပေါင်း၍ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံ သား ပိုင်အဖြစ် အပြည့်အဝမှတ်ပုံတင်ထားသော ကုမ္ပဏီ တစ်ခုက ငှားရမ်းထားသည့် လေးထပ် ကုန်တိုက်အဆောက်အအုံကို ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ အဓိကအားဖြင့် ခရီးသွား များကို ဝန်ဆောင်မှုပေးနေသော အဆိုပါစားသောက်ဆိုင် တွင် အစ္စရေးနိုင်ငံမှ တင်သွင်းလာသော အစား အစာများနှင့် အချိုရည်များ ပါဝင်ပြီး၊ ၎င်းတို့အနက် အချို့မှာ ဘန်ကောက်မြို့ရှိ (ဃ့ဘေေိ) ဗဟိုဌာနမှ တစ်ဆင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် အချို့သော ပစ္စည်းများအတွက် သင့်လျော် သော အကောက်ခွန်စာရွက်စာတမ်းများ မတွေ့ရှိရသဖြင့် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် သိမ်း ဆည်းခဲ့ကြောင်း ထိုင်း အာဏာပိုင်များက ဆိုသည်။
ထိုင်းစစ်ဆေးရေးသမားများသည် လူ (၂၀)မှ (၂၅)ခန့်ဆံ့သော ဝတ်ပြုနေရာအဖြစ် ပြောင်းလဲထားသည့် အခန်း တစ်ခန်းကိုလည်း တွေ့ရှိခဲ့ကြသည်။ ကရာဘီတွင် နေထိုင်သော ရှီမွန် (Shimon) အမည်ရှိ အစ္စရေးလူမျိုးတစ်ဦး၏ ဦးဆောင်မှုဖြင့် အစ္စရေးအုပ်စုများသည် အစားအစာများစားသုံးရန်နှင့် ဝတ်ပြုကိုးကွယ်ရန် အတွက် အဆိုပါနေရာတွင် သောကြာနေ့နှင့် စနေနေ့တိုင်း စုဝေးလေ့ရှိကြောင်း ဝန်ထမ်းများက ထိုင်းအာဏာပိုင်များကို ပြောပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွပ်မျက်ရန်အတွက် ဆေးနှစ်ကြိမ်ထိုးသွင်းခဲ့သော်လည်း အသက်မသေခဲ့သည့်အပြင် အိပ်ပါပျော်သွားသည့် အမေရိကန်အကျဉ်းသူ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
