Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
AI နှင့် ဒရုန်းကွပ်ကဲမှုဌာနအသစ်ကို ဖွဲ့စည်းသွားမည်ဟု အမေရိကန်စစ်ရေးဝန်ကြီး ကြေညာ

ဂျန်ဇက် (NSS) - အောက်တိုဘာလ ၃

အမေရိကန်စစ်တပ်တွင်အသုံးပြုနိုင်မည့် စက်ရုပ်စနစ်များကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် လက်တွေ့အသုံးပြုခြင်းတို့အတွက် ကိုယ်တိုင်လည်ပတ်နိုင်မည့်စစ်ဆင်ရေးကွပ်ကဲမှုဌာနအသစ် တစ်ခုကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ရေးဝန်ကြီး ပီတီဟတ်ဆတ်ကပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာ AI နည်းပညာကြောင့်ဖြစ် ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ များက သတိပေးချက်များထုတ်ပြန်နေချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်း လည်းဖြစ်သည်။ AI နည်းပညာ ကို အလွန်အမင်း အားကိုးအားထားပြုခြင်းသည် လူသားတို့၏ ဝေဖန် ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို လျော့ပါးစေနိုင်ပြီး အယ်လ်ဂိုရစ်သမ်များ၏ ဆုံးဖြတ်ချက်ချမှတ်ပုံက ကြိုတင်ခန့်မှန်း၍မရနိုင်ခြင်းကြောင့် မတော်တဆဖြစ်လာနိုင်မှုအန္တရာယ်ကိုမြင့်တက်စေနိုင်ပြီး အရပ်သားများအတွက် အန္တရာယ်များသောစစ်ပွဲကို ဖြစ်လာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားကြသည်။

AutoWarCom ဟုအမည်ပေးထားသည့် ယင်းဌာနအသစ်က ခေတ်သစ်စစ်ရေးသမိုင်းတွင် ငြိမ်းချမ်းရေးကာလ အတွင်း အလျင်မြန်ဆုံးပြောင်း လဲမှုတစ်ရပ်အဖြစ် အမေရိကန်စစ်တပ်တွင် ကိုယ်ပိုင်လည်ပတ်နိုင်စွမ်းနှင့် စက်ရုပ် နည်းပညာစွမ်းရည်များကို တိုးချဲ့အသုံးပြုနိုင်ရန်ရည်ရွယ်ထားသည့် ဝန်ဆောင်မှုအဖွဲ့အစည်းပုံစံမျိုးလုပ်ပိုင်ခွင့်များ ရရှိ လိမ့်မည်ဖြစ်ကြောင်း ပီတီဟတ်ဆတ်က ပြောကြားခဲ့သည်။ 


ပီတီဟတ်ဆတ်က “ SI(Super Intelli­gence) နည်းပညာနဲ့ ပစ်မှတ်ရှာဖွေနိုင်စွမ်းကိုမြှင့်တင်ထားတဲ့ ဒရုန်း စစ်ဆင်ရေးစနစ်တွေဟာ မျိုးဆက်ပေါင်းများစွာအတွင်း စစ်မြေပြင်မှာဖြစ်ပေါ်လာမယ့် အကြီးဆုံးတော်လှန်ပြောင်းလဲမှု တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟုပြောဆိုခဲ့သည်။ အဆိုပါနေ့မတိုင်မီတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် အစိုးရ၏ ဝေါဟာရအသုံးအနှုန်းများတွင် Artificial Int­elligence(AI) ဟူသောစကားလုံးအစား Super Intelligence(SI) ဆိုသောစကားလုံးကို အစားထိုး သုံးစွဲရန် အမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။ ယူကရိန်းပဋိ ပက္ခတွင် ရုရှားနှင့် ယူကရိန်းတို့ကဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေခြင်းမှရရှိခဲ့သောသင်ခန်းစာများက အဆိုပါ ကွပ်ကဲမှုဌာနအသစ်ကို စတင်ဖွဲ့စည်းရခြင်း၏ အဓိကတွန်းအားပေးချက်များထဲမှတစ်ခုဖြစ်ကြောင်း ပီတီဟတ် ဆတ်ကပြောကြားခဲ့သည်။

ထို့ပြင် လက်နက်အရေအတွက်အနည်း ငယ်သာဝယ်ယူပြီး ခေတ်မီဆန်းပြားသောလက်နက် များကိုသာ ရွေးချယ်ဝယ်ယူခြင်းဆိုသည့် ပင်တဂွန်စစ် ဌာနချုပ်၏ ရေရှည်မဟာဗျူဟာသည် အကျိုးသက် ရောက်မှုသိပ် မရှိတော့ ကြောင်း ပီတီဟတ်ဆတ်က ထောက်ပြပြောဆိုခဲ့သည်။ ပီတီဟတ်ဆတ်က “စစ်ပွဲပုံစံတွေက သိသိ သာသာကိုပြောင်း လဲလာခဲ့ပါပြီ။ ခေတ်မီကွန်ပျူတာ ကြောင့် တိကျမှုရှိပြီး ကုန်ကျစရိတ်သက်သာတဲ့လက် နက်တွေကို အမြောက် အမြားလည်း ထုတ်လုပ်လာနိုင်ပါပြီ။ ဒီလက်နက်စနစ်တွေက ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကြီးမားတဲ့ လက်ရှိ လက်နက်စနစ်ဟောင်းတွေကို သိသိသာသာခြိမ်းခြောက်လာနေသလို တပ်ဖွဲ့တွေရဲ့အလားအလာကိုလည်း နှောင့်ယှက် နေပါတယ်။ ဒါကြောင့်မို့လို့ အရေးတကြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့က လိုအပ်နေပါတယ်” ဟုပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျူးလူမျိုးများစုဝေးနေသည့်နေရာတွေကို ထိုင်းအာဏာပိုင်တွေ စီးနင်း

RELATED POSTS
RECENT POSTS
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved