Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေဘေးပြန်လည်ထူထောင်ရေးအတွက် တနင်္သာရီအစိုးရ ထိထိရောက်ရောက် ဆောင်ရွက်နေ

ပုလဲ (NSS) - အောက်တိုဘာလ ၃

တနင်္သာရီမှ ရေကြီးရေလျှံခဲ့ပြီး ထိခိုက်ခဲ့ရသည့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းအစိုးရအဖွဲ့က ပရဟိတအသင်းများနှင့်ချိတ်ဆက်၍ ထိထိရောက်ရောက်ဆောင် ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေ လျှံမှုနှင့်မြေပြိုမှု များဖြစ်ပွားခဲ့ရာ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့်တနင်္သာရီမြို့နယ်တို့တွင် အိမ်ခြေ(၃၀၂၂)လုံးနှင့် လူဦးရေ (၂၂၅၉၁)ဦး ရေဘေး သင့်ခဲ့ပြီး အိမ်ထောင်စု (၂၀၉၉)စု၊ လူဦးရေ (၇၇၈၅)ဦးကို ရေဘေးရှောင်စခန်း(၂၁)ခုသို့ ယာယီရွှေ့ ပြောင်းပေးခဲ့ရကြောင်း သိရသည်။

“အဓိကတော့ Focal ကို ဇမ္ဗူသီရိ လူမှု ကူညီရေးအသင်းနဲ့လုပ်ထားတယ်။ ပြီးတော့ အစိုးရဘက်က ဝန်ကြီး နှစ်ပါးပေါ့နော်။ ဝန်ကြီးနှစ်ပါးကို လူမှုကူညီရေးအသင်းတွေကို Engagement ယူဖို့ရယ်၊ Back up ပေးဖို့ရယ်ပေါ့နော်။ ပြီးရင် သူတို့အသုံး ပြုနေတဲ့ စက်သုံးဆီအစ စားသုံးဆီ၊ အစားအစာတွေရော ရေသန့်တွေရော အကုန်လုံးကို စရိတ်ကို တော့  တိုင်းဒေသကြီးအစိုးရက အကုန်လုံး ကျခံသုံးစွဲပေး မယ်လို့ ပြောထားပါတယ်။ ဆန်တွေ၊ ဆီတွေဆိုလည်း ဆီကုန် သည်များအသင်းတို့၊ ဆန်ကုန်သည်များ အသင်းတို့ကို တိုက်ရိုက်လူမှုကူညီရေးအသင်းတွေ ထောက်ပံ့ပေးတဲ့ဟာတွေကို တစ်ခါတည်း ဆန်ကုန် သည်များအသင်း၊ ဆီကုန်သည်များအသင်းက သူတို့ ပေးလိုက်တဲ့ဟာကို တိုင်းဒေသကြီးအစိုးရက တန်ဖိုး ပြန်ပေးချေပေးမှာ”ဟုပြောသည်။ 


အဆိုပါသဘာဝဘေးအတွင်း ဒေသခံ (၁၅)ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများ လည်းရှိကြောင်းသိရ သည်။ 

“တချို့နေရာတွေကတော့ ရွာတွေထိတာ ရှိပါတယ်။ တောင်ပြိုပြီးမှ ဘုန်းကြီးကျောင်းတွေ အိမ်ခြေထိတာ ရှိပါတယ်။ အင်တာနက်ပေါ်မှာပျံ့နေတဲ့ဟာ တော်တော်များများကတော့ နည်းနည်း ပုံကြီးချဲ့တာ ကတော့များပါတယ်။ တချို့ဖော်ပြချက်တွေကတော့ မှန်ပါတယ်။ တချို့ဟာတွေကျတော့ ကလောတို့ ဘာ တို့ အရင်တုန်းကဖြစ်ခဲ့တဲ့ဟာတွေ ပုံတွေလျှောက်ယူ ပြီးမှ ပုံကြီးချဲ့တာတွေလည်းရှိတာပေါ့နော်။ လူသေ ဆုံးကျတော့ လက်ရှိ (၁)ရက်အထိက (၁၅)ဦးပါ}} ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက NP News သို့ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ ထိုသို့ ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆေးရုံ၊ ဆေးခန်းများသို့ပို့ဆောင်၍ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ တစ်ဖက် တွင်လည်း အကြမ်းဖက်အဖွဲ့အတွက် ရေဘေးသင့်ပြည်သူများကိုအကြောင်းပြ၍လည်းကောင်း၊ သတင်းများချဲ့ကား ၍လည်းကောင်း အွန်လိုင်းမှတစ်ဆင့် အလှူငွေ ကောက်ခံမှုများရှိခဲ့ကြောင်းလည်း သိရသည်။ 

“ထားဝယ်အမျိုးသားအဖွဲ့ချုပ်ဆိုပြီး နာမည်ခံထားတဲ့အွန်လိုင်းကအဖွဲ့ကတော့ PDF အဖွဲ့ ပေါ့။  သူကတော့ တစ်ဖက် ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့အဖွဲ့။ စုံစမ်းသိရှိအတည်ပြုရတာတော့ လူမှုကွန် ရက်အသုံးပြုပြီးတော့မှ ပုံကြီး ချဲ့တယ်၊ အလှူငွေ ကောက်တယ်၊ တစ်ဖက်ကနေ သူတို့ရဲ့ PDF ထောက် ပံ့ဖြစ်ဖို့လည်းများတာပေါ့နော်။ မြေပြင်မှာတော့ ဒီ ဘက်ကပရဟိတအဖွဲ့တွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ အဓိက ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ပုံကြီးချဲ့ပြီး ထိတ်လန့်အောင်လုပ်တော့ ပြည်သူတွေက ကြောက်လန့်တကြားမဖြစ်စေချင်တာပါ။ ကျွန်‌တော်တို့ကတော့ ထိမ်ချန်တာ မျိုးလည်းမရှိဘူး။   သေဆုံးတစ်ဦးတိုးတွေ့ရင် တစ်ဦး၊ ဒဏ်ရာရ တစ်ဦးတိုး တွေ့ရင် ဒဏ်ရာရပေါ့နော်။ ဒါတွေအကုန် လုံးကိုလည်း ဆေးရုံ ဆေးခန်းပို့ပေးတယ်”ဟု  အထက်ပါတာဝန် ရှိသူကပြောသည်။ လက်ရှိတွင် ရေပြန်လည်ကျဆင်း လာသဖြင့် ရေဘေးရှောင်စခန်းအချို့မှပြည်သူများ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင် လျက်ရှိပြီ ဖြစ်ကြောင်း သိရသည်။


“အစိုးရအဖွဲ့အနေနဲ့ကတော့ တောက်လျှောက် ရေဘေးကယ်ဆယ်ရေးတော့ ဆောင်ရွက်နေတာပေါ့နော်။ ပြန်လည်ထူထောင်ရေးအတွက်ပါ အကုန်လုံးစီမံဆောင်ရွက်နေပါတယ်”ဟုပြောသည်။

ထို့ပြင် ရေကြောင့်ပျက်စီးခဲ့သည့် လမ်းပိုင်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်တိုင်များကို ပြန်လည်ပြု ပြင်လျက်ရှိပြီး ထားဝယ်မြို့နယ်တွင် စက်တင်ဘာလ (၂၉)ရက်မှစ၍ လျှပ်စစ်မီးပြန်လည်ရရှိခဲ့ကာ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင်လည်း မီးပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် ဆောင် ရွက်နေကြောင်း သိရသည်။ 

“Excavator တောင်မှ (၂၆၊ ၂၇) ရက် မှ အရေးတကြီးစီစဉ်ပြီး Excavator တွေကတော့ ကျွန်တော်တို့ဆီက သွားမှ လမ်းပျက်တဲ့ဟာတွေ၊ မြေပြိုထားပြီးမှလမ်းပိတ်ဆို့နေတဲ့ဟာတွေကို ဖော်ဆောင်ပေးနိုင်တာပါ။ လက်ရှိတော့ တခြားသီးသန့်အ ဖွဲ့အစည်းတွေက ဆောင်ရွက်တာတော့မသိရပါဘူး”ဟုပြောသည်။                                   

  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

AI နှင့် ဒရုန်းကွပ်ကဲမှုဌာနအသစ်ကို ဖွဲ့စည်းသွားမည်ဟု အမေရိကန်စစ်ရေးဝန်ကြီး ကြေညာ

RECENT POSTS
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
တပ်မတော်သားအယောင်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေကြေးလိမ်လည်သူ (၃) ဦး ဖမ်းဆီးရမိ
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved