Flydubai လေယာဉ်ဖြစ်စဉ်တွင် အီရန် ပါဝင်ပတ်သက်နေပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု
Pika (NSS) - အောက်တိုဘာလ ၃
အစ္စရေးနိုင်ငံသို့ ပျံသန်းလာသော flydubai လေယာဉ်ကိုပျက်ကျစေလိုသည့် တွဲဖက်လေ ယာဉ်မှူး၏လုပ်ရပ် တွင် အီရန်ပါဝင်ပတ်သက်နိုင်ဖွယ်ရှိနေပြီး ပါဝင်ပတ်သက်ကြောင်းအတည်ပြုနိုင်ပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အဆိုပါတွဲဖက်လေယာဉ်မှူးက ပင်မလေယာဉ်မှူးကို ဓားဖြင့်ထိုးကာ လေယာဉ်ကိုပျက်ကျ အောင်လုပ်ဆောင် လိုခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစ္စရေးနိုင်ငံသား(၁၈၀)ဦးကို သတ်ဖြတ်လိုခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ထို့ပြင် ယင်းတွဲဖက်လေယာဉ်မှူးက အစွန်းရောက်ဝါဒရိုက်သွင်းခံထားရသူ ဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကပြော ကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က “ဒီ flydubai လေယာဉ်ဖြစ်စဉ်မှာ အီရန်က ပါဝင်ပတ်သက်နိုင်ဖွယ်ရှိနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ပြောခဲ့သည်။

flydubai လေယာဉ်ဖြစ်စဉ်တွင် အီရန် ပါဝင်ပတ်သက်မှု ရှိ/မရှိဆိုသည့်မေးခွန်းများကို ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ တုံ့ပြန်ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် အီရန်က flydubai လေယာဉ်ဖြစ်စဉ် တွင်ပါဝင်ပတ်သက်နေပါက အမေရိကန်က တုံ့ပြန်မှု များလုပ်ဆောင်သွား မည်လောဆိုသည့် မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့်က “အီရန်ကသာပါဝင်ပတ် သက်နေတယ်ဆိုရင် ပြင်းပြင်းထန်ထန်ကို အရေးယူ ဆောင်ရွက်သွားမှာပါ။ အဲဒါကိုတော့ လုံးဝ စိတ်မပူပါနဲ့”ဟုပြောဆိုခဲ့သည်။ အီရန်နှင့်အမေရိကန်ကြား အခြေအနေက ဆက်လက်တင်းမာနေဆဲအချိန်တွင် ဒေါ်နယ် ထရမ့်၏ခြိမ်းခြောက်စကားများ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ လာမည့်လတွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက် ပွဲအပြီးတွင် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ဒေါ်နယ်ထရမ့်က ပြန်လည်စတင်နိုင်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါခြိမ်းခြောက် စကားများ ထပ်မံထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဘေးပြန်လည်ထူထောင်ရေးအတွက် တနင်္သာရီအစိုးရ ထိထိရောက်ရောက် ဆောင်ရွက်နေ
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
