Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အယ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌပြော

သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၃

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရာသီဥတုမူမမှန်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင် ဆင်ထားရန် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ယမန်နေ့ (အောက်တိုဘာ ၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နေပြည်တော်အတွင်းဖြစ်ပွားနိုင်သည့်ဘေးအန္တရာယ်များမှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးများ ဖြစ်ပွားနိုင်ကြောင်းနှင့်သဘာဝဘေးများဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးလာခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းကြောင့် မုန်တိုင်းဘေး၊ ရေဘေးများလည်း မကြာခဏ ဖြစ်ပေါ်လာသည်ကို တွေ့ရကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နွေ နှင့် ဆောင်းကုန်ကာလများတွင် အပူချိန်လွန်စွာမြင့်တက်သည့်အတွက် လေပြင်းဘေးနှင့် လေဆင်နှာမောင်းဘေးများ ဖြစ်ပေါ်လာနိုင်ပြီး မိုးကြိုးဘေးမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအဖြစ်များလာကြောင်း ၎င်းက ဆိုသည်။


အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအီကွေတာအနီးရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့လေထုစနစ် လည်ပတ်မှုပြောင်းလဲလာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ အကြိမ်ရေများစွာ ဖြစ်ပေါ်နိုင်သည့်အပြင် အာရှတိုက်နှင့် အရှေ့တောင်အာရှဒေသများ၏ မိုးရေချိန်နှင့် အပူချိန်စံနှုန်းများအပေါ် တိုက်ရိုက်သက်ရောက်စေနိုင်ပြီး ပိုမိုပြင်းထန်နိုင်ကြောင်းနှင့် အယ်နီညိုဖြစ်သည့်နှစ်များတွင် ကမ္ဘာတစ်ဝန်း၌ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရာသီဥတုမူမမှန်ခြင်းများကို ကြုံတွေ့ရလေ့ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

မြန်မာ့သမိုင်းတစ်လျှောက်တွင်လည်း အယ်နီညိုဖြစ်စဉ်၏ ရိုက်ခတ်မှုများကြောင့် စံချိန်တင်အပူချိန်များနှင့် မိုးရွာသွန်းမှုမူမမှန်ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေးနှင့် ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆိုသည်။

အဆိုပါ အယ်နီညိုကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့တွင် စိုက်ပျိုးရေလျော့နည်းခြင်းကြောင့် စပါး၊ ပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံများ ပျက်စီးနိုင်ခြင်း၊ အပူဒဏ်ကြောင့် တိရစ္ဆာန်များ ရောဂါရလွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီးအပူဒဏ်ကြောင့် အပူလျှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခြင်းစသည့် ရေမှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့သည်။

ထို့ပြင် ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့ကျနိုင်ကြောင်းလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် အဆိုပါအခြေအနေများကို အထူးဂရုပြု၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း နှင့် အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်းကျဆင်းမှုနှင့် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုဖြစ်ပွားနိုင်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆိုသည်။

ထို့အပြင် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အပူဒဏ်ခံနိုင်ရည်နည်းသူများအတွက် ကျန်းမာရေးစောင့်ရှောက် မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းက စနစ်တကျ စဉ်းစားပြင်ဆင်ဆောင်ရွက်ထားရန်လည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အယ်နီညိုကြောင့် မုန်တိုင်းဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းရှင်းလင်းခြင်းလုပ်ငန်းများကို ယာဉ်ယန္တရားများနှင့် လူအင်အားများဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆိုသည်။

သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍မရသဖြင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက လူ့အသက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဇာတ်တိုက်ထားရှိရန် လိုအပ်ကြောင်းနှင့် ဇာတ်တိုက်ထားသည့်အတိုင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Flydubai လေယာဉ်ဖြစ်စဉ်တွင် အီရန် ပါဝင်ပတ်သက်နေပါက ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved