ယခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲအား နိုင်ငံတော်အဆင့်အခမ်းအနားဖြစ် ကျင်းပမည်
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၃
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲအား နိုင်ငံတော်အဆင့်အခမ်းအနားဖြစ် ကျင်းပမည်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယမန် (အောက်တိုဘာ ၂ ရက်နေ့) မွန်းလွဲပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဆပ်ကော်မတီများနှင့် ပေါင်းစပ် ညှိင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။
ယခင်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်သော်လည်း ယခုကျင်းပမည့် ဘောလုံးပြိုင်ပွဲတွင် နိုင်ငံတော်အကြီးအကဲအား ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်၍ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် လစ်ဟင်းမှုများ မရှိအောင် သက်ဆိုင်ရာဌာနခွဲများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
ထို့ပြင် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့် ပြိုင်ပွဲများသို့ အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည်ဖြစ်သဖြင့် ဝဏ္ဏသိဒ္ဓိအား ကစားကွင်းအတွင်းရှိ (A၊ B၊ C) အားကစားရုံများ၊ ရေကူးကန်နှင့် ဘောလုံးအားကစားကွင်းများကို သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် လာမည့် (အောက်တိုဘာ ၁၅ ရက်) တွင် ရန်ကုန်၌ တရုတ်သံရုံးမှ အားကစားအဖွဲ့များအား အလှူငွေလှူဒါန်းပေးအပ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ဆောင်ရွက်ရန် နှင့် ဒီဇင်ဘာလတွင် ကျင်းပမည့် လူထုလမ်းလျှောက်ပွဲအတွက် လုပ်ငန်းအစီအစဉ်များနှင့် အကြီးအကဲများ၊ ဝန်ကြီးဌာနများသို့ ခွဲဝေထုတ်ပေးမည့် Track Suit နှင့် T Shirt အင်္ကျီ ဒီဇိုင်း နှင့် အရွယ်အစားများကို အမြန်ဆုံးတင်ပြအတည်ပြုနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးနှင့် မိမိတို့ဝန်ကြီးဌာနမှ အ.ထ.က (၆) ကျောင်းတွင် တာဝန်ယူကျင်းပမည့်အားကစားပြိုင်ပွဲနှင့် အခမ်းအနားများကို နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်မည့်အခမ်းအနားများအတိုင်း အဆင့်မီစွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများက ပေါင်းစပ်ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် နိုင်ငံတော်မှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လစ်ဟင်းမှုများမရှိစေရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် အားကစားပြိုင်ပွဲများနှင့် အခမ်းအနားများကို နိုင်ငံတော်အဆင့် အခမ်းအနားများအတိုင်း အဆင့်မီစွာ ကျင်းပနိုင်ရေး ဂရုစိုက်ပြင်ဆင်ဆောင်ရွက်သွားရန် ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌပြော
RELATED POSTS
05 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
04 Oct 2026 | အားကစား,ပြည်တွင်း
