The Central ကိစ္စနှင့်ပတ်သက်၍ အခန်းတစ်ခန်းချင်းစီကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ်သွားမည်ဟု ကတိပြုကြောင်း Maga land Mark ထုတ်ပြန်
ကိုဖြိုး (NSS) - အောက်တိုဘာ ၃
The Central ကွန်ဒိုကိစ္စနှင့်ပတ်သက်၍ အခန်းတစ်ခန်းချင်းစီကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း Maga land Mark ကုမ္ပဏီ၏ ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Maga Group ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ(၃၀)ရက်တွင် ကြိုတင်ချိန်းဆိုထားခြင်းမရှိသော လူဦးရေ (၄၀)ခန့်က ကွန်ဒိုအရောင်းပြခန်းအတွင်း ဝင်ရောက် ပြီးအချို့သူများက ဒေါသထွက်အော်ဟစ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ခွင့်ပြုချက်မရှိဘဲအဆောက်အဦးအတွင်း ဓါတ်ပုံ၊ ဗီဒီယိုများရိုက်ကူးခြင်းများပြုလုပ်ခဲ့ကြောင်း၊ ထိုဗီဒီယိုများကို ဖြတ်တောက်ကာ လူမှုကွန်ယက်များတွင် ဖြန့်ဝေနေကြောင်း သိရသည်။
ယင်းလူစု၏ အပျက်သဘောဆောင်သည့် အချက်အလက်များကိုဖြန့်ဝေနေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း နှင့် ကွန်ဒိုအရောင်းပြခန်းကို ရုံးဖွင့်ရက်များတွင် ရုံးချိန်လျော့ချသွားမည်ဖြစ်ပြီး နှစ်ပတ်တိတိ စနေ၊တနင်္ဂနွေများတွင် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခန်းပိုင်ရှင်များအားလုံးအတွက် အခန်းတစ်ခန်းချင်းစီကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ်သွားမည်ဟူသော ခိုင်မာသည့်ကတိကဝတ်ကို ထပ်မံအတည်ပြုသည်ဟုလည်း ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲအား နိုင်ငံတော်အဆင့်အခမ်းအနားဖြစ် ကျင်းပမည်
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
