မန္တလေးတွင် အောက်တိုဘာ(၃)ရက်မှစတင်ကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ပြန်လည်ဖြန့်ဖြူး
ကိုဖြိုး (NP News) - အောက်တိုဘာ ၃
မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်ဖြင့် အုပ်စု(၂)စု ခွဲကာ ယနေ့ အောက်တိုဘာ (၃) ရက်မှစတင်ကာ ပြန်လည်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းသိရသည်။
(A)အုပ်စု နှင့် (B)အုပ်စုကို မြို့နယ်အလိုက်ခွဲခြားကာ နံနက် (၄)နာရီမှ နံနက် (၈) နာရီအထိ တစ်အုပ်စု၊ နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီအထိ တအုပ်စု၊ မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ တအုပ်စုဟူ၍ စသဖြင့် အုပ်စုအသီးသီးခွဲခြားခြင်းဖြင့် (၄) နာရီ လာ၊ (၄)နာရီ လျှပ်စစ်မီးပျက်မည့်ပုံစံဖြစ်သည်။
ယခုကဲ့သို့ မန္တလေးမြို့တွင် အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးမည့်အကြောင်းကို မြို့နယ်လျှပ်စစ်ရုံးများ၏ လူမှုကွန်ရက်အကောင့်များကလည်း ပုံစံဇယားများနှင့်အတူ အများပြည်သူသို့ ထုတ်ပြန် အသိပေးမှုများ ပြုလုပ်ခဲ့ကြောင် သိရသည်။

“မန္တလေးမြို့မှာ (၂၄)နာရီနီးနီး မီးလာနေတာ လအနည်းငယ်လောက်တော့ရှိပြီ။ တချို့ရက်တွေဆို မီးက ပျက်တောင် မပျက်ဘူး။ အခုအလှည့်ကျမီးပေးမယ့်ပုံစံအရတော့ ညပိုင်းတွေလည်း မီးပျက်တာတွေ ရှိနိုင်မယ်။ ည(၈)နာရီမှာ ပျက်တဲ့မီးက နောက်ရက် မနက်(၄)နာရီမှ ပြန်လာမှာဆိုတော့ အပူဒဏ်မခံနိုင်သူတွေအတွက် ညအိပ်ဖို့ရာ အဆင်မပြေဘူး” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
The Central ကိစ္စနှင့်ပတ်သက်၍ အခန်းတစ်ခန်းချင်းစီကို အပြီးသတ်ဆောက်လုပ်၍ လွှဲပြောင်းပေးအပ်သွားမည်ဟု ကတိပြုကြောင်း Maga land Mark ထုတ်ပြန်
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
