တနင်္သာရီတွင် ရေကြီးမှုကြောင့် ယာယီပိတ်ထားသည့် ကျောင်း(၅၅)ကျောင်း ပြန်လည်ဖွင့်လှစ်
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့်အခြေခံပညာကျောင်း (၅၆) ကျောင်းအနက် (၅၅) ကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းများမှာ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်မှစ၍ ကျောင်းများ ယာယီပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရေဘေးအခြေအနေများ ပြန်လည်ကောင်းမွန်လာပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်တွင် ကျောင်း (၁၄) ကျောင်းနှင့် အောက်တိုဘာ (၁) ရက်တွင် ကျောင်း (၄၁) ကျောင်းတို့ကို အသီးသီးပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပုလောမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ပလောက်နောက်) တစ်ကျောင်းသာ ကျန်ရှိနေပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် အောက်တိုဘာ(၃)ရက်မှစတင်ကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ပြန်လည်ဖြန့်ဖြူး
RELATED POSTS
08 Oct 2026 | ပညာရေး,ပြည်တွင်း
07 Oct 2026 | ပညာရေး,ပြည်တွင်း
