Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရန်ဒီဇယ်များကို ထုတ်သုံးရန် ဥရောပနိုင်ငံများကို အမေရိကန်သမ္မတ ဖိအားပေး

ဂျန်ဇက် (NSS) - အောက်တိုဘာလ ၃

အမေရိကန်သမ္မတထရမ့်က အရန်ဒီဇယ် များကိုထုတ်သုံးရန် ဥရောပနိုင်ငံများကို ဖိအားပေး တောင်းဆိုလိုက်ကြောင်း သိရသည်။ 

ယခုတစ်ပတ်အတွင်း ဗြိတိန်နိုင်ငံ၏ စက်သုံးဆီဆိုင်များတွင် ဒီဇယ်ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာပြီးနောက် အမေရိကန်သမ္မတ၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  

ဗြိတိန်နိုင်ငံသည် အမေရိကန်မှတင်သွင်း သည့်ဒီဇယ်ကို အဓိကမှီခိုနေရကြောင်းသိရသည်။ သို့သော် နိုဝင် ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ အမေရိကန်မဲဆန္ဒရှင်များသည် လောင်စာဆီဈေးနှုန်း မြင့်မားမှုကို ရင်ဆိုင်နေရသဖြင့် သမ္မတထရမ့်က ဒီဇယ်တင်ပို့မှုကိုကန့်သတ်ရန် ခြိမ်းခြောက်ထားသည်။  

ဗြိတိန်နိုင်ငံသည် အမေရိကန်၏လောင် စာဆီထောက်ပံ့မှုဆိုင်ရာခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ဥရောပ သမဂ္ဂ(EU)နှင့် ဆွေးနွေးလျက်ရှိသည်။  ဥရောပသို့တင်ပို့မှုကို တားမြစ်လိုက်ခြင်းသည် အမေရိကန်ဈေးကွက်အတွင်းသို့ ဒီဇယ်များ အလုံးအရင်းဖြင့်စီးဝင်လာစေမည်ဖြစ်ပြီး အမေရိကန်ယာဉ် မောင်းများအတွက် ဈေးနှုန်းများကို သိသိသာသာ ကျ ဆင်းစေနိုင်ကြောင်းသိရသည်။


သို့သော် အခြားနိုင်ငံများအနေဖြင့် လောင်စာဆီ အပိုအထောက်အပံ့များကို ရယူနိုင်ခြင်းမရှိပါက အဆိုပါ တားမြစ်ကန့်သတ်ချက်သည် အခြားနိုင်ငံများရှိ ဒီဇယ်ဈေးနှုန်းများအပေါ် နောက်ထပ်ဖိအားများ သက်ရောက်စေလိမ့် မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ အမေရိကန်နိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း(၁ ဒသမ ၂)သန်းမှ (၁ ဒသမ ၅)သန်းအထိတင်ပို့လျက်ရှိပြီး ကမ္ဘာ့ဒီဇယ်လောင်စာ ဆီထောက်ပံ့ရေးတွင် အဓိကကျသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။  

ဗြိတိန်နိုင်ငံ၏ ဒီဇယ်သုံးစွဲမှုထက်ဝက် ကျော်ကို ပြည်ပမှတင်သွင်းနေရပြီး သွင်းကုန်၏ (၃၁)ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံမှဖြစ်ကြောင်း သိရသည်။ ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ အရန်ဒီဇယ်အချို့ကို ထုတ်လွှတ်ရန် တောင်းဆိုမည်လားဟု ထရမ့်အားမေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော် တို့လုပ်ကောင်းလုပ်နိုင်ပါတယ်။ သူတို့မှာ ဒီဇယ် အချို့ ရှိပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။  ဒီဇယ်ဈေးနှုန်းများ အလွန်အမင်းမြင့်တက်လာနေချိန်တွင် အမေရိကန် လယ်သမားများ၊ ကုန်တင်ကားသမားများ နှင့်လုပ်ငန်းရှင်များသည် ဝန်ထုပ်ဝန်ပိုးကို တစ်ဖက် သတ်ထမ်းဆောင် နေရခြင်းမျိုးမရှိသင့်ကြောင်း ဥရောပအနေဖြင့် ၎င်းတို့၏ ဒီဇယ်လောင်စာဆီအချို့ကို   ချက်ချင်းထုတ်သုံးရန်အတွက် အဆင်သင့်ပြင်ဆင်ထားရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက် ဆန့်(Scott Bessent) ၏ ဆိုရှယ်မီဒီယာပေါ်ရှိ ယခင်ကရေးသားချက်တစ်ခုတွင် တိုက်တွန်းထားခဲ့သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တနင်္သာရီတွင် ရေကြီးမှုကြောင့် ယာယီပိတ်ထားသည့် ကျောင်း(၅၅)ကျောင်း ပြန်လည်ဖွင့်လှစ်

RECENT POSTS
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
10 Oct 2026
မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
10 Oct 2026
ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၀၇၁) ကျောင်း ပြန်လည်ပြုပြင်ရန် အလှူရှင်များ ရှာဖွေနေဟု သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြော
10 Oct 2026
နေပြည်တော်တွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
10 Oct 2026
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
10 Oct 2026
ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved