တောင်းပန်ရန် ပျက်ကွက်မည်ဆိုလျှင် ယူကရိန်းကို အရေးယူမည်ဟု တောင်ကိုရီးယားသမ္မတ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၃
ရုရှားအတွက်တိုက်ခိုက်ရင်း ဖမ်းဆီးခံခဲ့ရသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို တောင်ကို ရီးယားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှုအပါအဝင် လျှို့ဝှက်ချက်ထိန်းသိမ်းရေးဆိုင်ရာသဘောတူညီချက်ကို ယူကရိန်းဘက်က အသိအမှတ်ပြု ရန်နှင့် တောင်းပန်မှု ပြုလုပ်ရန်ပျက်ကွက်မည်ဆိုပါက ယူကရိန်းအပေါ် တိကျစွာမဖော်ပြထားသောအရေးယူမှုများ လုပ် ဆောင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ လီဂျေ မြောင်က သတိပေးလိုက်ကြောင်း သိရသည်။
၎င်းက “အမှန်တရားကို အသိအမှတ်မပြုဘဲ လူသိရှင်ကြားတောင်းပန်ဖို့လည်း ငြင်းဆိုနေမယ် ဆိုရင် ကျွန်တော် တို့အနေနဲ့ အပိုဆောင်းအစီအမံတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုသတိပေးခဲ့သည်။ တောင်နှင့် မြောက်ကိုရီးယားတို့အကြား မကြာခင် စစ်ရေးပဋိပက္ခ ဖြစ်ပွားတော့မည်ကဲ့သို့ ယူကရိန်းဘက်ကမှတ်ချက် ပေးခဲ့ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲဖြစ်ပွားလာစေရန် အားပေး ရာရောက်သည်ဟုဆိုကာ ၎င်းနှင့်ပတ်သက်၍လည်း တောင်ကိုရီးယားသမ္မတက စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုထားသည်။

ရုရှားဘက်မှ ဝင်ရောက်တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးခံခဲ့ရသော မြောက်ကိုရီးယား စစ်သုံ့ ပန်းနှစ်ဦးကို ယူက ရိန်းက တောင်ကိုရီးယားဆီ လွှဲပြောင်းပေးခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြီးခဲ့သည့်လကကြေညာခဲ့ပြီးနောက်ပိုင်း တောင်ကိုရီး ယားနှင့်ယူကရိန်းတို့သည် သံတမန်ရေးရာ အငြင်းပွား မှုများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ စစ်သားများကိုကာကွယ်ရန်အတွက် အဆိုပါလွှဲပြောင်းပေးမှု ကိုလျှို့ဝှက်ထားရန်သဘောတူညီချက်ကို ယူကရိန်း ဘက်ကဖောက်ဖျက်ခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့ပြီး ယူကရိန်းတာဝန်ရှိသူများကမူ အဆိုပါ သဘောတူညီချက်မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံခြား ရေးဝန် ကြီး အန်ဒရီဆီဘီဟာက တောင်ကိုရီးယားနှင့်ဆက်ဆံရေးကို ပြန်လည်ကောင်း မွန်စေရန် ယူကရိန်းကကြိုးပမ်းနေ ကြောင်း ပြောသည်။ ၎င်းက “ကျွန်တော်ကတော့ ဒါကို ဖြစ်ရပ်ဆိုး တစ်ခုလို့မခေါ်ချင်ပါဘူး။ ဒါဟာ သံတမန်ရေးရာ နား လည်မှုလွဲမှားမှုတစ်ခုပါပဲလို့ပဲပြောချင်ပါတယ်” ဟု ပြောသည်။
ယူကရိန်း၏ စစ်တွင်းအခြေအနေများနှင့် နှစ်ဖက်စလုံးအနေဖြင့် အရှက်ကွဲရမည့်အခြေအနေ မျိုးမဖြစ်အောင် ရှောင်ရှားရန် လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစားလျက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်နှင့်ဆီဘီဟာ တို့သည် တိုက်ရိုက် အဆက်အသွယ်ရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဒီဇယ်များကို ထုတ်သုံးရန် ဥရောပနိုင်ငံများကို အမေရိကန်သမ္မတ ဖိအားပေး
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
