အလုပ်သမားနှင့်ဟိုတယ်၊ ခရီးဝန်ကြီးဌာန နှစ်ခုအတွက် ဝန်ကြီးအပြောင်းအလဲပြုလုပ်
သန့်ဇင် (NSS) - အောက်တိုဘာ ၃
ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့၏ ပြည်ထောင်စုဝန်ကြီးနေရာများကို နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၆၈ / ၂ဝ၂၆ အရ ယနေ့ (စက်တင်ဘာ ၃ ရက်) ရက်တ္ငင် ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့အရ ပြောင်းလဲတာဝန်ပေးခြင်းခြင်းဖြစ်ပြီး ယခင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကိုလည်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်းပန်ရန် ပျက်ကွက်မည်ဆိုလျှင် ယူကရိန်းကို အရေးယူမည်ဟု တောင်ကိုရီးယားသမ္မတ သတိပေး
RELATED POSTS
10 Oct 2026 | နိုင်ငံရေး,ပြည်တွင်း
10 Oct 2026 | နိုင်ငံရေး,နိုင်ငံတကာ
