မုံရွာတွင် ငွေကျပ်(၂)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်က ငွေကျပ် (၂) ဘီလျံ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ ယမန်နေ့ (အောက်တိုဘာ ၂ ရက်)က ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်တွင် နေထိုင်သည့် ဇော်နိုင်၏ နေအိမ်ကို သတင်းများအရ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ကားပေါ်မှ ငွေကျပ် (၂ ဒသမ ၃၁) ဘီလျံ တန်ဖိုးရှိ ဘိန်းဖြူ (၆၆) ကီလိုနှင့် လက်ကိုင်ဖုန်း (၃) လုံးနှင့်အတူ ဇော်နိုင်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ဇော်နိုင် (၄၉) နှစ်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း (၂၄) နှစ်၊ ဝမ်းဝမ်း (၁၉) နှစ် နှင့် ဇော်ဟိန်းထက် (၃၁) နှစ်တို့ကို မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်က မဝင်းမာဌေးနှင့် မစန်းစန်းမြင့်တို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ငွေကျပ် သိန်း (၄၈၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၄၀၀၀) ပြားနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ မဝင်းမာဌေး (၃၈) နှစ်နှင့် မစန်းစန်းမြင့် (၄၅) နှစ်တို့ကို သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်သမားနှင့်ဟိုတယ်၊ ခရီးဝန်ကြီးဌာန နှစ်ခုအတွက် ဝန်ကြီးအပြောင်းအလဲပြုလုပ်
RELATED POSTS
10 Oct 2026 | မှုခင်း,ပြည်တွင်း
10 Oct 2026 | မှုခင်း,ပြည်တွင်း
