အဂတိလိုက်စားမှုကြောင့် ဌာနဆိုင်ရာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုများ လျော့ကျစေကြောင်း သမ/ကျေးလက်ဝန်ကြီးပြော
သန့်ဇင် (NSS) - အောက်တိုဘာ ၃
အဂတိလိုက်စားမှုကြောင့် ဌာနဆိုင်ရာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုများ လျော့ကျစေကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့(အောက်တိုဘာ ၃ ရက်) နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရာတွင် အဓိကအဟန့်အတားပြုနိုင်သည့်၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်သည့် “ရောဂါဆိုးကြီးတစ်ခု” ဟု ဆိုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျကျန်ရစ်စေပြီး အဆိုးရွားဆုံးအနေဖြင့် ဌာနဆိုင်ရာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုများ လျော့ကျစေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်မိပါက ဥပဒေအရ ထိရောက်စွာအရေးယူခံရမည့်အပြင် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် မိမိနှင့် မိသားစု၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အထူးသိရှိရှောင်ကြဉ်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းကကော်မရှင်အနေဖြင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်မှာ စစ်ဆင်ရေးကြီးတစ်ခုလုပ်ဆောင်ဖို့ ဆော်ဒီအာရေးဗျပြင်ဆင်နေ
RELATED POSTS
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
10 Oct 2026 | စီးပွားရေး,ပြည်တွင်း
