Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေ (၈) ဘီလျံကျော် ထုတ်ချေးပေးထား

သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၃

မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုး သည့်ရန်ပုံငွေဖြင့် စုစုပေါင်းချေးငွေ (၁၂) ခု၊ ငွေပမာဏ ကျပ် (၈)  ဘီလျံကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၏ ပြောကြားချက် အရ သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (အောက်တိုဘာ ၂ ရက်) နံနက် (၉) နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ ချေးငွေများကို ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ နေအိမ်များနှင့် MSME လုပ်ငန်းများ၊ စက်ရုံလုပ်ငန်းကြီးများ၊ ဟိုတယ်နှင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး Home Loan၊ Reconstruction Loan၊ Working Capital Loan နှင့် Fixed Capital Loan စသည့် ချေးငွေအမျိုးအစားများ ပါဝင်ကြောင်းသိရသည်။


ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ (၃/၂၀၂၆) အစည်းအဝေးတွင် ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဆိုပါချေးငွေများကို ရန်ပုံငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ စိစစ်တင်ပြလာသည့် ချေးငွေများအပေါ် ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် SOP ပါ စံသတ်မှတ်ချက်များနှင့်အညီစိစစ်၍ ထုတ်ချေးပေးလျက်ရှိရာတွင် စုစုပေါင်းချေးငွေ (၁၂) ခု၊ ပမာဏ ကျပ် (၈ ဒသမ ၁၁) ဘီလျံကို ထုတ်ချေးနိုင်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးပေးသည့် အထူးချေးငွေအစီအစဉ်ဖြစ်သဖြင့် ရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်

ယင်းအစည်းအဝေးတွင် ခွင့်ပြုထားသည့် ဘဏ်များအနက် ဘဏ် (၅) ဘဏ်မှ တင်ပြလာသည့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် လုပ်ငန်းကိုးခုအပါအဝင် စုစုပေါင်းချေးငွေ (၁၀) ခုအတွက် ချေးငွေပမာဏ ကျပ် (၂၄) ဒသမ (၇၅) ဘီလျံကိုလည်း စိစစ်အတည်ပြုခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စိုက်ပျိုးရေးချေးငွေများကို လွယ်ကူစွာထုတ်ချေးပေးနိုင်ရေးအတွက်ပြည့်စုံသော ဒီဂျစ်တယ်ပလက်ဖောင်း တည်ဆောက်မည်

RECENT POSTS
(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
10 Oct 2026
(၂၀၂၆) ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းရရှိ
10 Oct 2026
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
10 Oct 2026
ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
10 Oct 2026
NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)
10 Oct 2026
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို
10 Oct 2026
အသက်(၁၃)နှစ်သာရှိသေးသော်လည်း အရပ်(၆)ပေ (၁၁)လက်မအထိ ရှိသော ကာတာဘော်လီဘော ကစားသမား
10 Oct 2026
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
10 Oct 2026
ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
10 Oct 2026
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်
10 Oct 2026
မမြ ရေလှောင်တမံ ၏ အရေးပေါ်ရေပိုလွှဲလမ်းကြောင်း တစ်လျှောက်က ကျေးရွာ (၆) ရွာကို ပြောင်းရွေ့ထား
10 Oct 2026
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
10 Oct 2026
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
10 Oct 2026
ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
10 Oct 2026
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်
10 Oct 2026
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမတော်သည် နောက်ဖေးလမ်ကြားအားလုံး သန့်ရှင်းရေးလုပ်နိုင်သောမြို့ဖြစ်လာ
10 Oct 2026
ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ရန် စူးစမ်းလေ့လာရာ တမံအောက်ထုံးကျောက်လိုဏ် တွေ့ကြောင်း ဒုတိယဝန်ကြီးပြော
10 Oct 2026
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
10 Oct 2026
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
10 Oct 2026
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
10 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved